Part (5)

2.9K 148 0
                                    

နွမ်းခါး၏ တက္ကသိုလ်ကျောင်းသားဘ၀ အစပိုင်းဟာ အကိုတွေနှင့်သာ စ၍ အကိုတွေနှင့်သာ ဆုံးရသည်။ နေမထွက်ခင်ထဲက အတူရှိကြပြီး ညအိပ်ဖို့ ကိုယ့်အခန်းကို မပြန်မချင်း တစ်ဖွဲ့လုံး အတူရှိကြသည်။ မိဘဆွေမျိုးများ မဟုတ်ပဲ သူစိမ်းများက ညီအရင်းလေး တစ်ယောက်လို ဝိုင်းစောင့်ရှောက်သည့်အခါ သူငယ်ချင်းများက နွမ်းခါးကို မင်းသားလေး ဟု စနောက်ကြသည်။

မနက်ပိုင်း ထုံးစံအတိုင်း ခွဲခြားနှင့်အတူ တောင်တက်လမ်းလျှောက်ဖြစ်တော့ ခွဲခြား၏ ကျောပြင်ကျယ်ကို နောက်ကနေကြည့်ကာ ငေးနေစဉ် ရုတ်တရက် ခွဲခြားက အနောက်လှည့်လာတော့ နွမ်းခါး မြန်မြန်ပဲ အနောက်ဆုတ်လိုက်ရသည်။

ပါးတစ်ဖက်တွင်ပါသော ပါးချိုင့်ကို ခွက်နေအောင် ရယ်ပြရင်း ခွဲခြားက

"ညီလေး ဒီနေ့ဘာစားမလဲ"

ထိုအပြုံးနုနုကြီးကို နွမ်းခါး သိပ်သဘောကျသည်။ ထိုအပြုံးကလည်း နွမ်းခါးရှေ့တွင်သာ ပြုံးကြောင်း ကိုလင်းသူရက ပြောဖူးသည်။ နွမ်းခါးတစ်ဦးတည်းအတွက် သီးသန့်ဆိုသည့် အရာမျိုးကို နွမ်းခါးက ငယ်ငယ်လေးထဲက သဘောကျသည်။

"ရတယ် အကို ဘာဖြစ်ဖြစ် စားတယ်"

"လူသားရော စားဦးမလား"

အစားအသောက်နှင့် ပတ်သတ်လာရင်တော့ မျက်လုံးလေးများ ရွှင်ကာ အားရပါးရ စား‌တတ်တာကြောင့် အကိုတွေက လူသားတောင် စားရင်စားနေမှာ ပြောမရဘူးဟု စနောက်လေ့ရှိကြသည်။

"စားမှာ အကို့အသားကို လှီးစားမှာ"

"ဟားဟား လာလေ ကိုယ့်အသားက ခါးတယ်နော်"

အကျီလက်ကို ပင့်တင်ပြီး နွမ်းခါး မျက်နှာရှေ့တိုးပေးလာတော့ နွမ်းခါးကိုက်ရန် ပါးစပ်ပြင်လိုက်သည်။

"ဟာ ခွေးပေါက် တကယ်ကိုက်မလို့ ကြံနေတာလား ကိုယ့်အသားတော့ မစားပါနဲ့ ချွေးတွေနဲ့ မနေ့ညတည်းက ရေမချိုးရသေးဘူး ငန်နေတယ်"

လက်ကိုအသာရုတ်ကာ နွမ်းခါး၏ ခေါင်းလုံးလုံးလေးကို လက်ဖြင့်ဖွလိုက်ပြီးနောက်

"သွားစို့ ဗိုက်ဆာနေပြီ ပြေးဆင်းမှာမလား"

ခေါင်းလေးငြိတ်ပြကာ နွမ်းခါး ပြန်ဖြေလိုက်ပြီး နံပါတ်စဉ် ရေတာတောင် မစောင့်ပဲ ထွက်ပြေးလာခဲ့သည်။ ခြေတံရှည်ရှည် ခြေလှမ်းကျဲကြီးတွေကို နွမ်းခါး မှီမှ မမှီတာ။ အရင်ပြေးမှ နိုင်မှာပေါ့။ ထိုစဉ် နှင်းရေစိုနေသည့် လမ်းပေါ်က နေရာကွက်ကို နင်းမိတော့ ပြေးလာသည့် အရှိန်နှင့် ခြေချော်ကာ ဖင်ထိုင်ရက် လဲကျလေသည်။

Close To....You (Completed)Where stories live. Discover now