"သွေးထဲမှာ alcohol percent အရမ်းများနေတယ် အသက်တောင် မပြည့်သေးပဲ ဘာလို့ လက်တည့်စမ်းတာလဲ ဟမ်"
ဆရာ၀န်က ဆေးချိတ်ပေးနေရင်းက ဆူလေသည်။
"သူသောက်တာမဟုတ်ပါဘူး ကျွန်ဝောာ် အတင်းတိုက်လိုက်မိလို့ပါ ဆရာ"
"အခုသူခံရပြီပေါ့ မင်းတို့ လူငယ်တွေ ကလေ စချင်နောက်ချင်တာပဲ သိတယ် ကျန်မာရေးကို မတွေးကြဘူး ဒီထက် နည်နည်း နောက်ကျသွားရင် သူသေတောင်သေနိုင်တယ်ကွ ပြီးတော့ ဒီကောင်လေး alcohol အလက်ဂျစ်ရှိမှန်းတောင် ကိုယ့်ကိုယ်ကို သိပုံမပေါ်ဘူး"
"တောင်းပန်ပါတယ်ဆရာ အခုသူဘယ်လိုနေသေးလဲဟင် "
မြတ်ဘုန်းမောင်က ဆရာ၀န်နှင့် ဆွေးနွေးနေသည်။ ကျန်တဲ့သူများက လူနာအခန်းပြင်ဘက်က ထိုင်ခုံတွင် ထိုင်ကာ မျက်စိမျက်နှာ ပျက်နေကြသည်။
"ရပြီနော် လူနာကို အခန်း ၅ အဆောင်ထဲ ခေါ်သွားလိုက်နော် ဆေးပုလင်းတိုင်နဲ့ အရမ်းမကွာစေနဲ့ ဖြည်းဖြည်းတွန်း"
"ဟုတ်ကဲ့ ခင်မျ"
သူနာပြုလေးများက ကုတင်လေးကို တွန်းကာ ခွဲခြားဆီ လွှဲပေးသည်။ ကုတင်ထက်တွင် မျက်လုံးမှိတ်လျက် ပါလာသော နွမ်းခါးက အခုထိ အလက်ဂျစ်တွေ ပျောက်သေးပုံ မပေါ်သေး။ ဟောခန်းမထဲ ခေါ်သွားလိုက်တော့ လူနာကုတင်များ အစဉ်လိုက်စီထားသည်ကို တွေ့ရသည်။
"ဒီကုတင်ပေါ် ရွှေ့ပေးလိုက်နော် ပြီးရင် ဘီးတပ်ကုတင်ကို ယူပြီး အမတို့ကို ကူပေးပါလားကွယ် ကားအက်စီးဒင့် ဖြစ်တာ လူနာတွေ အရမ်းများလို့ အမတို့ မနိုင်ဘူး ဖြစ်နေတယ်"
သူနာပြုဆရာမ တစ်ယောက်က ယောကျာ်းလေးတွေချည်းရှိတာမို့ အားကိုးကာ အကူအညီ လာတောင်းသည်။ မြတ်ဘုန်းမောင်သာ နွမ်းခါးဘေးတွင် နေခဲ့ပြီး ကျန်သူများက လုပ်အားပေး ကူရန် ထွက်သွားကြလေသည်။
မြတ်ဘုန်းက တစ်ညလုံး မအိပ်ပဲ ကိုယ်အပူချိန်တိုင်းလိုက် ရေပတ်တိုက်ပေးလိုက် လုပ်ပေးနေရသည်။ ကျန်တဲ့သူများကလည်း သွေးများပေကျန်သည်အထိ လုပ်အားပေးနေရသည်။
YOU ARE READING
Close To....You (Completed)
Fanfictionချစ်နေမိလို့ နာကျင်ခံစားရမှာစိုးလို့ လက်လွှတ်ပစ်မယ့်လူထဲမှာ ငါမပါဘူး ငါကချစ်မိတာနဲ့ အပိုင်ရဖို့ပဲကြိုးစားမှာ #ခွဲခြား သူကျွန်တော့ကို မချစ်ဘူး ဒီအတိုင်း ကစားချင်ရုံပဲ #နွမ်းခါး