nyo 2 Zawgyi
၇တန်းရောက်မှ ပြောင်းသွားတဲ့ အကျင့်တစ်ခုရှိသည်။
အဲ့တာက ထမင်းချိုင့်ကို မနက်ခင်း ၁၀နာရီမုန့်စားဆင်းချိန် စားတာပင်။
အခုလဲ မုန့်စားမဆင်းခင် သမိုင်းဆရာမအချိန်ကထဲက
ဗိုက္ထဲက ဂြီဂြီ ဂွမ်ဂွမ် တွေ မြည်နေပြီ
မုန့်စားဆင်းဖို့ ခေါင်းလောင်းမြည်သံကြားရခြင်းသည်
ထီဆုပေါက်၍ ပျော်သော အပျော်မျိုးနဲ့ထပ်တူညီသည်။"တောင်တောင် .....တောင် တောင်!
"ဟေ့ရောင် လပြည့် ထမင်းစားရအောင်
ငါဗိုက်ဆာနေပြီ"လပြည့် အလိုမကျသောမျက်နှာနှင့်ငြင်းသည်။
"နေပါအုံးဟ နောက်တစ်ချိန်က အင်္ဂလိပ်စာ ဆရာမအချိန် ၊ ငါမနေ့က အိမ်စာတွေ မပြီးသေးဘူး"
"အဲ့တာပဲ မင်းတို့ကောင်တွေက အိမ်စာကို အိမ်မှာမလုပ်ခဲ့ကြဘူး။ ကျောင်းရောက်မှ ဖုတ်ပူမီးတိုက်
ရေးကြတာ ဘယ်လိုလုပ် မှန်မှာလဲ စာတွေက""မှန်တာ မမှန်တာ နောက်မှ မင်းနဲ့တိုက်လို့ရတယ်
လောလောဆယ် ပြီးအောင်ရေးရမှာ၊
ဒေါ်အမာဝေ အကြောင်း မင်းမသိတာလဲ မဟုတ်ဘဲနဲ့
မငပြီးပြီဆိုလဲ စာအုပ်ငှါး""ဟဲဟဲ ငါလဲ မပြီးသေးဘူး"
"သဒေါင်းစား ပြီးတာလိုလို ဘာလိုလိုနဲ့
ဆရာကြီး လာလုပ်နေတာ"
ပြောရင်းဆိုရင်း ကျောကုန်းကိုထုသည်။"ဘုန်း!!
"အ နာတယ်ဟ"
"နာအောင် လုပ်တာလေ နာမှာပေါ့
ဆရာကြီး လာလုပ်နေတာ သူလဲ မပြီးသေးပဲနဲ့"ခက်ဆစ်နဲ့တဲ့ ပုံစံဖြင့် ပေကပ်ကပ်ကြည့်ကာပြောလိုက်သည်။
"ငါက မပိုင်ရင် ခြင်တောင်မရိုက်ဘူး"
လပြည့်ကလဲ မဆိုင်းမတွ ချက်ချင်းပြန်ဖြေသည်။
"အေးလေ ခြင်တောင် ထောင်အိပ်တာမလား"
"စကားကောင်းပြောနေတာ မနှောက်စမ်းနဲ့
ငါမနေ့က ညနေခင်း အတန်းပြတွေ
လတ်မှတ်သွားထိုးတော့ ဆရာမဒေါ်အမာဝေ
နေမကောင်းလို့ ဒီနေ့ မလာဘူးဆိုတာ သိပြီးလို့
မရေးတာ"

YOU ARE READING
NYO
Teen Fictionအမြဲတမ်း အမှတ်ရနေမယ့် အမှတ်တရတစ်ခုပေါ့.... မင်းကို ပေါ့ပေါ့ပါးပါးသိစေချင်တဲ့စိတ်နဲ့။