nyo 5 unicode
ဒီနှစ်နွေရာသီသည် လွမ်းမောစရာအတိပင်ဖြစ်သည်။
နွေရာသီရောက်တိုင်း မပျော်ခဲ့ရသည်မှာ
အတော်ကြာခဲ့ပြီဖြစ်၍ လွမ်းမောစရာ
ဖြစ်သည်မှာလဲ မစိမ်းတော့ပေ။အိမ်ရှေ့ပိတောက်ပင်မှ ကျီးကန်း တို့ကလည်း
မနက်မိုးစင်စင်မလင်းခင်ကပင်
အမြင်ကပ်စရာကောင်းလောက်အောင် အော်နေသည်။
နွေရာသီကျောင်းပိတ်ရက်ရောက်တိုင်း
ဒီပိတောက်ပင်အောက်တွင်လာကာ ပန်းချီဆွဲသော
အကျင့်သည် ၅တန်းနှစ်ကပင်စခဲ့သည်။
နွေးထွေးမှု မရှိ စိမ်းမချမ်းမြေ့စရာများဖြင့်သာ
ပြည့်နေသော အိမ်ထဲတွင်မနေလို။
တစ်ကိုယ်တော် အတွေးဖြင့် ပန်းချီဆွဲခြင်းသည်သာ
အကောင်းဆုံးကုစားပေးမည့် နည်းလမ်းဖြစ်သည်။
ရောင်စုံခဲတံနှင့်ပုံဆွဲမည့်စာအုပ်ကို
အသင့်ပြင်ထားလိုက်သည်။
ဤနေရာတွင်ထိုင်နေတာ တစ်နာရီပင်
ပြည့်တော့မည်ဖြစ်သော်လည်း
တစ်ပုံမှ မဆွဲရသေးပဲ ငူငူငိုင်ငိုင်ဖြင့်သာ တောင်ဆင်အရည်မရလျှောက်တွေးနေသည်။ကျတော့်ဆီသို့ မေမေလျှောက်လာသည်။
ကျတော့်လွယ်အိတ်ကိုလဲ လက်ကကိုင်ထားသေးသည်။အလျင်လိုနေဟန်ဖြင့် မေမေစကားပြောသည်။
"ကျောင်းပိတ်တာကို လွယ်အိတ်လေးဘာလေး
လဲထားမယ်မရှိဘူး။ ရော့..အခုလွယ်အိတ်ထဲက
ဟာတွေထုတ်လိုက် အဝတ်လျှော်မလို့
တစ်ခါထဲပေါင်းလျှော်လိုက်မယ်"ဟုတ်ကဲ့ဟုသာ ပြန်ပြောပြီး လွယ်အိတ်ကိုယူကာ
အထဲမှ ကျောင်းသုံးပစ္စည်းများ
ပုံနှိပ်စာအုပ်များကို ထုတ်နေလိုက်သည်။
စာအုပ်များကြားထဲမှ pokémon ကဒ်လေးတစ်ကဒ်သည် လျှောကျလာသည်။
လုပ်နေသည်များကို ပစ်ထားတာ
ထိုကဒ်ကို ကိုင်ကြည့်နေမိသည်။"ဟဲ့ မြန်မြန်မလုပ်ပဲနဲ့ နောက်မှကြည့်အဲ့တာကို"
မေမေအော်လိုက်သည်ကြောင့် ပြာပြာသလဲချကာ
လွယ်အိတ်ထဲမှ ပစ္စည်းများကို အမြန်ထုတ်ပေးရသည်။"လုပ်စရာရှိတာ အရင်မလုပ်ပဲ မဟုတ်တာကိုကိုင်ကြည့်နေတယ်။
သေအုံးမယ် နင်တော့"မေမေသည် စိတ်အလိုမကျစွာ ပြောရင်း
အိမ်ထဲသို့ ပြန်ဝင်သွားသည်။
YOU ARE READING
NYO
Teen Fictionအမြဲတမ်း အမှတ်ရနေမယ့် အမှတ်တရတစ်ခုပေါ့.... မင်းကို ပေါ့ပေါ့ပါးပါးသိစေချင်တဲ့စိတ်နဲ့။