nyo 6 unicode
"ဟေ့ရောင် ဘောလုံးသွားကန်ရအောင်လာ"
အကိုတစ်ဝမ်းကွဲတော်သူက ခက်ဆစ်ကို
ဘောလုံးကစားရန်ခေါ်လိုက်ခြင်းဖြစ်သည်။ခက်ဆစ် ဘောလုံးမကန်တတ်၍
ပြာပြာသလဲ ငြင်းလိုက်သည်။"တော်ပြီ ကိုကြီး ၊ သား ဘောလုံးမကန်တတ်ဘူး"
အားမလိုအားမရသော အကြည့်မျိုးနှင့်ကြည့်ပြီးမှ
စကားဆက်ပြောသည်။"ကျစ်!!! မင်းကလဲကွာ ယောကျ်ားလေးဖြစ်ပြီး
ဘောလုံးလေးတောင် မကန်တတ်ဘူးလား?"တကယ်ပါ ကိုကြီးရာ၊ ကိုကြီးကို သားမလိမ်ပါဘူး။
တကယ်မကန်တတ်တာ"ကိုကြီးသည် တစ်ခုခုကို သေချာစဥ်းစားနေသည်။
ထို့နောက် အကြံတစ်ခုရသွားဟန်တူသည်။"ဟ.. ဟုတ်ပြီ။ မင်းငါနဲ့လိုက်ခဲ့
မင်းကိုဘောလုံး ဘယ်လိုကန်ရမလဲဆိုတာ
သင်ပေးမယ်"ခက်ဆစ်အမှန်တိုင်းဝန်ခံရရင် မလိုက်ချင်ပါ။
ဘောလုံးကန်ရင် ချွေးထွက်မည်။ဖုန်ပေမည်။
ထိခိုက်ဒဏ်ရာရမည်။
ထို့သို့သော အကြောင်းပြချက်များဖြင့်
ဘယ်သူကခေါ်ခေါ် အချိန်တိုင်း ငြင်းဆိုခဲ့သည်။
ယခုလဲ ရအောင်ငြင်းမည်ဟု ကြံကာ
ကိုကြီးကို ပေးရန် အကြောင်းပြချက်များ
တစ်ခုပြီး တစ်ခုစဥ်းစားနေသည်။"ဟိုလေ.....ယဥ်ကျေးမှုသင်တန်းက အိမ်စာတွေပေးလိုက်သေးတယ်၊ သားမပြီးသေးဘူး။
အဲ့တာတွေ လုပ်ရအုံးမှာမလို့ မလိုက်တော့ဘူးနော်""အဲ့တာတွေ အပြန်ကျမှ ငါကူရေးမယ်။
လာလိုက်ခဲ့!!လက်ကိုအတင်းဆွဲခေါ်သွားသဖြင့်
ယက်ကန် ယက်ကန်ဖြင့် အနောက်မှပါသွားလေသည်။
လမ်းတစ်လျှောက်လုံးတွင်လဲ
ဟိုလို အကြောင်းပြလိုက်၊ဒီလိုအကြောင်းပြလိုက်နှင့်
ဘောလုံမကန်ရရေးသည် ငါ့အရေးဟု
ခိုင်ခိုင်မာမာဆုံးဖြတ်ကာ တရစပ်ပြောသည်။
ကိုကြီးကလည်း တစ်စက်ကလေးမှ အလျော့မပေး။"ကိုကြီးနဲ့ ကန်မယ့်လူတွေက လူကြီးတွေ၊
ပြီးတော့ သူတို့ကကန်ရင် အကြမ်းကြီးတွေကန်ကြမှာ၊
သားကမှ မကန်တတ်တာကို ခိုင်းမိကုန်လိမ့်မယ်"
YOU ARE READING
NYO
Novela Juvenilအမြဲတမ်း အမှတ်ရနေမယ့် အမှတ်တရတစ်ခုပေါ့.... မင်းကို ပေါ့ပေါ့ပါးပါးသိစေချင်တဲ့စိတ်နဲ့။