"အယ် ခက်ဆစ် ဘာလို့အနောက်တန်းဆင်းလာတာလဲ"
လပြည့် မနေ့က ကျောင်းမလာ၍
ခက်ဆစ်နဲ့ မင်းခန့်တို့ရဲ့ ပြဿနာကိုမသိပါ။"ဘာမှမဖြစ်ဘူးလေ၊ငါထိုင်ချင်လို့
ဆင်းတာလာ အဲ့တာဘာဖြစ်လို့လဲ"ခက်ဆစ်မေးငေါ့ကာ လပြည့်ကိုပြန်ပြောသည်။
ရုပ်ကလဲ ဘာဖြစ်ချင်လဲဆိုသည့်အကြည့်နှင့်။"ဘာမှ မဖြစ်ပါဘူးကိုယ်တော်ရယ်
ဟိုကောင်နဲ့ ရန်ဖြစ်ထားတာလားလို့လေ"ခက်ဆစ် လပြည့်လက်ကိုဆွဲလိုက်ပြီး
ခုံပေါ်ထိုင်စေလိုက်သည်။"ဟုတ်တယ် အဲ့ကောင်နဲ့ ရန်ဖြစ်ထားတာ"
၂ခါ မမေးရဘဲ အမှန်တိုင်းပြောသော
ခက်ဆစ်ကြောင့်လပြည့်ရယ်မိသည်။သွားများပေါ်အောင်အထိရယ်သည်။
"ငါသိသားပဲ၊မင်းကိုကြည့်တာနဲ့
ဘာဖြစ်နေတာလဲဆိုတာငါအကုန်သိတယ်။""အဲ့တာဆို ငါဒီနေ့ ချီးဘယ်နှတုံးပါခဲ့လဲသိလား"
"ဟားဟား မင်းကတော့လေ၊
စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာပဲသိတာ
အပြင်မှာ ဖြစ်တာတွေ မသိဘူးလေ""အေး အဲ့တာဆို အကုန်မသိသေးဘူးပဲ"
ဘာမှမဟုတ်ပဲ ရန်တွေ့နေသော ခက်ဆစ်ကို
လပြည့် အူယားလွန်း၍ ခေါင်းကိုကိုင်ကာ
ဆံပင်တွေဖွလိုက်သည်။ခက်ဆစ် အကဲခတ်ဟန်ဖြင့်
"ဘာလဲ ဆံပင်မွှေးဘယ်လောက်ရှိလဲ ရေမလို့လား"အေး ဟုတ်တယ်လာခဲ့
တစ်မွှေးချင်းနှုတ်ပစ်မယ်။ပြောရင်းဆိုရင်း လပြည့် သူငယ်ချင်းလေး
ခက်ဆစ်ကိုစရန် ဝင်ထိုင်သည်။"ဘယ်သွားမလို့လဲ လာခဲ့လာ!!
ငါရေကြည့်မလို့"
မတ်တပ်ရပ်နေသော ခက်ဆစ်ကို
လပြည့်လှမ်းဆွဲကာ ထိုင်ခိုင်းလိုက်သည်။"လပြည့် တကယ် မလုပ်နဲ့လေ"
"မရဘူး ငါလုပ်မယ်လို့ တွေးပြီးသွားပြီ"
လပြည့်ချက်ချင်း မဆိုင်းမတွပြန်ဖြေသည်။နှစ်ယောက်သား တိုးတိုးရယ်မိကြပါသည်။
~~~~~~~~~~
YOU ARE READING
NYO
Teen Fictionအမြဲတမ်း အမှတ်ရနေမယ့် အမှတ်တရတစ်ခုပေါ့.... မင်းကို ပေါ့ပေါ့ပါးပါးသိစေချင်တဲ့စိတ်နဲ့။