Part 3(Unicode)

60 8 0
                                    

nyo 3 Unicode

ကျောင်းတိုင်း ကျောင်းတိုင်းတွင်
မသမာသော ဆရာဆိုတာရှိစမြဲ။
ခက်ဆစ်တို့ ကျောင်းမှာလဲရှိသည်။
အတန်းပိုင်ဆရာမဒေါ်ဌေးဌေးဝင်း ပင်။
သြဂုတ်လ လပတ်စာမေးပွဲတွင်
ခက်ဆစ်အင်္ဂလိပ်စာ ထပ်၍ ကျပြန်သည်။
၃၆ မှတ်ဖြင့် ကျခြင်းဖြစ်သည်။
ဆရာမက ကျသည့်ကျောင်းသားများကို
မိဘခေါ်ခဲ့ရန်ပြောသည်။
ခက်ဆစ်အိမ်ကို ပြန်မပြောသေးဘဲ
အချိန်ဆွဲနေခဲ့သည်။
ဘာလို့ဆို ဒီကိစ္စကို မသင်္ကာဟု
စိတ်ထဲက ထင်နေခြင်း​ငှာ
ရအောင်စုံစမ်းအုံးမြည်ဟု တွေးထားသောကြောင့်
မခေါ်သေးဘဲ အချိန်ဆွဲနေခြင်းဖြစ်သည်။

ခက်ဆစ် သူဖြေခဲ့တာကို သူသိသည်
fill in the blank တစ်လုံးမဖြေနိုင်ခဲ့ရုံက
လွဲ၍ ကျန်တာ အကုန်ဖြေနိုင်ခဲ့သည်။
ဖြေခဲ့တာတွေ မှားသည်ပဲထားအုံး
၃၆ မှတ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဟုထင်မိသည်။

အင်္ဂလိပ်စာဆရာမ ဒေါ်အမာဝေ့ ဆီ သွား၍
အဖြေလွှာ စာအုပ်ပြရန် သွားတောင်းကြည့်သည်။
ဆရာမ မရှိ၍ ကိုယ့်ဟာကိုယ် ထုတ်ကြည့်ခွင့်ပြုရန်
ဒေါ်အမာဝေတို့အတန်း၏ အတန်းခေါင်းအား
ခွင့်တောင်းသည်။
ခွင့်ပြုသည်နှင့် ကမန်းကတမ်းထုတ်ကြည့်ရာ
ဒေါ်ဌေးဌေးဝင်း ပေးသောအမှတ်နဲ့
တက်တက်စင်အောင်လွဲနေသည်။
ဆရာမ ဒေါ်အမာဝေ စာစစ်ထားသော
အဖြေသည် ၈၆ မှတ်ဖြစ်နေသည်။

အဖြေလွှာ စာအုပ်ယူပြီး
သွားပြတော့ မှားထည့်မိတာဆို၍
အောင့်သက်သက်နဲ့ ညိမ်ခံလိုက်ရသေးသည်။
သို့ပေမယ့် အမှတ် ၅၀ပေါင်းကာ
အဆင့် ၃သို့ ဝင်နိုင်ခဲ့သည်။

"ခက်ဆစ် မင်းက မယုံလို့
စာအုပ်သွားကြည့်လို့ပေါ့ကွာ၊
ဘယ်နှစ်ခါတောင် အဲ့လိုလုပ်ပြီးပြီလဲမသိဘူး"

"အေး ငါလဲအဲ့တာကို  ပြောမလို့ လပြည့်ရ
မင်းမှတ်မိလား ငါတို့လေ ပထမလပတ်ဖြေတုန်းက
ကျူရှင်တက်တဲ့ကောင်တွေက လွဲပြီး
ကျန်တဲ့လူ အကုန်သင်္ချာကျတာလေ"

"အေး မိဘခေါ်ရတာလေ"

"ငါ အဲ့ကိစ္စကိုလဲ အခုလိုပဲ လုပ်တယ်လို့ထင်တယ်။
တကယ်လို့ကျရင်တောင် အယောက်၃၀ ကျော်ကျနိုင်ပါ့မလား စဥ်းစားကြည့်လေ"

NYOWhere stories live. Discover now