Part 8 (unicode)

27 5 0
                                    

nyo 8 unicode

ယဥ်ကျေးမှုသင်တန်းတွင် တက်နေတာ
၂လကျော်ခဲ့ပြီဖြစ်သည်။
လပြည့်နှင့်အရင်ကထက်ပို၍ ရင်းနှီးခဲ့ကြတာတော့အမှန်။
ဒီတောအတွင်း ညီအကိုဆက်ဆံရေးမျိုး
တဖြည်းဖြည်းနဲ့ ဖြစ်လာသည်ဟု
ခက်ဆစ် ကိုယ့်ကိုကိုယ် ထင်မိသည်။
လပြည့်သည် သူ့အပေါ်တွင် တွေးပေးလွန်းသည်။
ကိစ္စသေးသေး လေးကအစ ဂရုတစိုက်ရှိလွန်းသည်။
ဘယ်ကိစ္စကိုမဆို နားလည်ပေးနိုင်သည်။
ကိုယ့်အပေါ်တွင်ဆွေမျိုးရင်းချာထက်ကောင်းလွန်းသည်
ခက်ဆစ် လပြည့်နှင့်ဘာအကြောင်းနဲ့မှ မဝေးလိုပါ။

လာမည့် သောကြာနေ့တွင်
ယဥ်ကျေးမှုသင်တန်းမှ ဆရာမများ
ဦးစီးမှုဖြင့် ခရီးတိုလေးတစ်ခုထွက်ရန်
အကြောင်းဖန်လာသည်။
စိတ်ဝေဒနာခံစားနေရသော ကလေးငယ်များအား
စောင့်ရှောက်သည့် ကျောင်းသို့
အလှူအတန်းပြုလုပ်ရန် ရည်ရွယ်၍
ထွက်ပေးသော ခရီးတိုလေးတစ်ခုဖြစ်သည်။
ထိုခရီးမထွက်ခင်ကပင် ကြိုတင်ပြောကြားထားသဖြင့်
လာရောက်လှူဒါန်းကြသောအလှူရှင်များကြောင့်
ပို၍အားတက်ဖွယ်ဖြစ်သည်။

ဘုန်းကြီးကျောင်းသို့ ကျတော်တို့အားလုံး
အရင်လာကြရပြီး ကျောင်းမှတစ်ဆင့်
ဘုန်းဘုန်းစီစဥ်ပေးသော ကားငယ်များဖြင့်
သွားကြရသည်။ ဘုန်းဘုန်းနှင့် အလှူထည့်ဝင်ကြသော
ကုသိုလ်ရှင်များက အရှေ့ကသွားနှင့်ကြပြီး
ကျောင်းသားများနှင့် ဆရာမများ ပါဝင်သော
ကားငယ်များက နောက်ကလိုက်ကြရသည်။

လှူမည့်နေရာသို့ရောက်ရောက်ချင်း
တာဝန်ရှိသူများက အားတက်သရော
ကြိုဆိုကြသည်။
ကျတော်တို့အဖွဲ့သည် ကလေး လူကြီး စုစုပေါင်း၁၀၀ကျော်မည်ထင်သည်။
ထို ၁၀၀ ကျော်သော လူအုပ်ကြီးကို
ကျောင်းအတွင်းသို့ ဝင်ဝင်ချင်းမှာပင်
အားတက်သရော အချိုရည်များတိုက်သည်။
ဘယ်လောက်ပင် စိတ်ထားကောင်းလိုက်ကြပုံကို
တွေးကြည့်ရုံနှင့်ပင်သိနိုင်ပေသည်။

အတွင်းသို့ ရောက်လျှင် စိတ်မချမ်းမြေ့စရာ
မြင်ကွင်းတို့က ဆီးကြိုနေသည်။
ကိုယ်နှင့် ရွယ်တူကလေးများက
ကိုယ်လို မဟုတ်ပဲ စိတ်ဝေဒနာခံစားနေကြရသည်။
ခက်ဆစ် ဘယ်လိုမှ မခံစားနိုင်ပါ။
သာမန်လူတစ်ယောက်ကဲ့သို့ မပြုမူနိုင်။
မပြောဆိုနိုင်။ လူတောမတိုးနိုင်ကြသည်ကိုတွေး၍
သူတို့ကို စွန့်ပစ်သွားကြသော မိဘတွေကို
အကြောင်းအရင်းမရှိ စိတ်တိုမိသည်။

NYOWhere stories live. Discover now