ကောင်းကင်တစ်ခုလုံး ပြာလဲ့နေသည်။
တိမ်စိုင်တိမ်သားတွေမရှိ ပကတိပြာလဲ့နေသည်။
တစ်ချက်တစ်ချက် တိုးဝှေ့တိုက်ခတ်လာသော လေပြေညင်းများကလဲ အရိုးထိစိမ့်အောင်အေးပါဘိ။ဒါက ဘယ်လိုနေရာမျိုးလဲ ဆိုတာ
လပြည့်မသိပါ။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
စွယ်တော်ပင်ခပ်ကြီးကြီးတစ်ပင်ကလွဲ၍
ကျန်တာဘာမှရှိမနေ။
လပြည့်ထင်တာ မမှားဘူးဆိုရင် သူတောင်ကုန်းတစ်ခုပေါ်ရောက်နေတာဖြစ်နိုင်သည်။ ဘာကြောင့် ဘယ်လိုရောက်လာသည်ကို အခုထိစဥ်းစားလို့မရ။တရိပ်ရိပ်အောင့်တက်လာသော ဗိုက်ကို
လျစ်လျူရှုပြီး တစ်စုံတစ်ယောက်များ
ရှိနေမလားဟု လပြည့်လိုက်ရှာမိသည်။ဘယ်သူမှမရှိ။ပတ်ဝန်းကျင်တစ်ခုလုံး
လေတိုးသံကလွဲ၍ ဘာသံမျှမကြားရပါ။ဘယ်သူရှိလဲဟေ့...ဘယ်သူရှိလဲ!!
လပြည့်အော်သည် အသံတွေဝင်ကုန်တဲ့အထိ
ထပ်ခါ ထပ်ခါအော်သည်။
သို့သော်အချည်းနှီး။တရစ်ရစ်အောင့်လာသော ဗိုက်အပြင်
ဝဲဘက်ရင်အုံမှာလဲ ဆွဲဆောင့်သလိုခံစားလိုက်ရပြီး မြေပေါ်ကိုလဲကျသွားသည်။အား....ဘယ်သူမှ မရှိကြဘူးလားကွာ
နာလို့သေတော့မယ်။တစ်ယောက်ယောက်လာကြပါအုံး။
ထိုအသံသည် အားယူကာပြောနေရသဖြင့်
တစ်ကိုယ်တည်း ကြားနိုင်ရုံသာကျယ်သည်။နာလွန်း၍လပြည့် ဘယ်လိုမှ မလှုပ်နိုင်တော့ပါ။အနည်းငယ်သက်သာရန် ခေါင်းကိုမြေပြင်ပေါ်ကပ်ကာ ငြိမ်သက်နေလိုက်သည်။
အသံတစ်သံ။ဟုတ်ပါတယ် သေချာပေါက်
စကားပြောနေတဲ့အသံ။
တဖြည်းဖြည်းကျယ်လာသည်။
သို့သော် ဝိုးတစ်ဝါး။သူတို့စကားပြောနေသည်ကို လုံးဝနားမလည်ပါ။
အကူအညီရရန် ရှိသမျှ အားအကုန်သုံးကာ
လပြည့် ကြိုးစား၍ထကြည့်သည်။
ဝတ်ရုံရှည်ကြီးနှင့် လူများ
တစ်ဦးနှင့်တစ်ဦး အချေအတင်ပြောနေကြသည်။ဟေ့ ဒီမှာခင်ဗျ...ကြားရလားကျတော်ပြောနေတာကို၊ ဟေ့ !!
လပြည့်လက်ကို ဝေ့ယမ်းပြသည်။
အားယူကာ အော်သည်။
လူအုပ်ကြီးကတော့ ကြားပုံမပေါ်။
YOU ARE READING
NYO
Teen Fictionအမြဲတမ်း အမှတ်ရနေမယ့် အမှတ်တရတစ်ခုပေါ့.... မင်းကို ပေါ့ပေါ့ပါးပါးသိစေချင်တဲ့စိတ်နဲ့။