nyo 7 unicode
ဒါဟာ နေ့တင်းကြောင်တောင်သာ မဟုတ်လျှင်
လပြည့် အိပ်မက် ဟုထင်မိလိမ့်မည်။ကလေးကစားကွင်းထဲတွင် ရပ်နေသော
ကောင်လေးကို လပြည့်အံ့သြစွာ
နောက်တစ်ခေါက်ထပ်ကြည့်မိသည်။ဒီတိုင်းလေး။တကယ့်ကို ဒီအတိုင်းလေးပါပဲ။
ဒီနေရာမှာ ကိုကြီးစစ်ပိုင်ရပ်နေခဲ့တာပါ။
လွန်ခဲ့သော ၈နှစ်ခန့်က ကစားကွင်းကြီးကတော့
ပြောင်းလဲခဲ့လေပြီ။အရင်လိုမဟုတ်တော့။ဒူးလောက်ရှိသော ကာကီရောင်
ဘောင်းဘီတိုကလေးနှင့် တီရှုပ်အဖြူရောင်ခပ်ပွပွတစ်ထည်။
ဒီအတိုင်းလေးပဲ တကယ့်ကို လူကောင်သေးသေးလေး။
စိတ်အလိုမကျ၍ ဖိကိုက်လိုက်ချိန် နစ်ဝင်နေအောင်
ပေါ်လာသော ပါးချိုင့်လေးနှစ်ဖက်။
အထူးသဖြင့် မျက်လုံးတွေ
ဒီမျက်လုံးတွေက ကိုကြီးစစ်ပိုင်ရဲ့ မျက်လုံးတွေနဲ့သိပ်တူသည်။ဒါကြောင့်လဲ ဒီကောင်လေးကို ရုတ်တရက်ကြည့်မိတော့
ကိုကြီးစစ်ပိုင်ဟု ထင်မိခြင်းဖြစ်သည်။ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး။
ကိုကြီးက မရှိတော့တာပဲ။ ရှိရင်လဲ ဒီအသက်အရွယ်တော့ မဟုတ်နိုင်။
ဒါက ကျတော့်သူငယ်ချင်းလေး ခက်ဆစ်ပဲ။
ခက်ဆစ်ကို စတွေ့ခါစကထဲက ကိုကြီးနှင့်
တူသည်ဟုထင်မိသော်လည်း
ဒီနေ့က တော်တော်တူနေသည်။ပါးစပ်က ပွစိပွစိဖြင့် ဘာတွေပြောနေမှန်း မသိသော်လည်း ကျတော်လိုက်မလာ၍
နောက်က လိုက်ရှာနေတာတော့ သေချာသည်။မြန်မြန်ပင် သူရှိရာသို့ သွားလိုက်သည်။
"ဟ ကြည့်လှပြီလားဟ ဘာတွေပေနေလို့လဲ"
~~~~~~~~~~~
မိုးဖွဲဖွဲလေး ကျနေသော အပြင်ဘက်သို့
ထွက်မည်ဟန်ပြုတော့ တံစက်မြိတ်အောက်
ကျနေသော မိုးပေါက်လေးတို့က သူ့ကိုဆီးကြိုကြသည်။"လပြည့်ဘယ်လဲ"
ခက်ဆစ်က လှမ်းမေးသည်။လပြည့် ခက်ဆစ်ကိုကြည့်ရင်း ကျောင်းအောက်သို့ပြန်ဝင်လာသည်။
ပါးချိုင့်နှစ်ဖက်ကို နစ်ဝင်နေအောင်
ဖိကိုက်ထားဆဲ ။
ဒါက ခက်ဆစ်အကျင့်ဆိုတာ လပြည့်သိထားသည်။
တစ်ခုခုကို စိတ်အလိုမကျတဲ့အခါတိုင်း
ထိုသို့ ပြုလုပ်တတ်သည်။
YOU ARE READING
NYO
Teen Fictionအမြဲတမ်း အမှတ်ရနေမယ့် အမှတ်တရတစ်ခုပေါ့.... မင်းကို ပေါ့ပေါ့ပါးပါးသိစေချင်တဲ့စိတ်နဲ့။