Part 4 (Unicode)

36 9 0
                                    

nyo 4 unicode

အတန်းတင်စာမေးပွဲဖြေရန် တစ်ပတ်သာလိုတော့သည်။
ထိုကျောင်းပိတ်တော့မည့်အချိန်ခဏလေးအတွင်းမှာပင်
ကျောင်းထဲ၌ pokémon ကဒ်လေးများ
ခေတ်စား လာသည်။
ကျောင်းသားများ စာမလုပ်ပဲ ထိုကဒ်များဖြင့်သာ
အချိန်ကုန်လာကြသည်။
စာမလုပ်ပဲ ဆော့နေသော ကျောင်းသားများထဲတွင်
အတန်းခေါင်းဆောင် ခက်ဆစ်လဲ အပါအဝင်ဖြစ်သည်။
တစ်ခြားအခန်းများထိ သွားကာ ဆော့ကြသည်အထိ
တဖြည်းဖြည်းဆိုးဝါးလာခဲ့ကြသည်။

ထိုနေ့က ကျောင်းကိုစောရောက်၍
အတန်းတံခါးမဖွင့်သေးသဖြင့် ဝရံတာဘက်
ထွက်လာခဲ့လိုက်သည်။
ဝရံတာဘက်တွင် တစ်စုံတစ်ခုကို
ကျတော်အကြာကြီး စိုက်ကြည့်နေမိပါသည်။
ထိုတစ်စုံတစ်ခုကား
အသည်းပုံနှုတ်ခမ်းလေး ၊
အညိုရောင်သမ်းနေသော မျက်လုံးနှစ်လုံး၊
ထူတယ်ဟုမဆိုရလောက်သော
မျက်ခုံးမွှေးတွေရယ် အချိုးကျစွာ
ပြည့်စုံနေသော မျက်နှာတစ်ခုဖြစ်သည်။

ထိုမျက်နှာသည် တဖြည်းဖြည်းနဲ့ နီးလာသည်ဟု
ခံစားမိလာရသည်။

"ဟေ့ရောင် ဘာကြည့်နေတာလဲ"

ခက်ဆစ်မကြားပါ။တဖြည်းဖြည်းနီးလာသော
မျက်နှာကိုသာ မြင်နေရသည်။

ပုခုံးကို လာပုတ်မှသာ
ခုနက မျက်နှာပိုင်ရှင်သည် အနားမှာရောက်နေသည်ကို
သတိထားမိသည်။

တစ်ဖက်က မေးလာသောစကားများကို
ခက်ဆစ် ဘာဖြေရမှန်းမသိစွာ
စိတ်ထဲတွင် ရောင့်ရက်ခက်နေသည်။

ထိုသူကပဲစိတ်မရှည်တော့သည့်  ဟန်ဖြင့်
ဘောက်ဆက်ဆက် ထပ်မေးသည်။

"ဟေ့ရောင် ဘာလို့ ငါ့ကိုကြည့်နေတာလဲ
ဘာပြောစရာ ရှိလို့လဲလို့ မေးနေတာလေ"

"ဟို  ဟို ဟိုလေ pokémon ကဒ် ကစားမလားလို့
မေးမလို့ပါ"

ထိုအခါမှ သူသည် သက်ပြင်းရှည်ကြီး တစ်ခုကိုချကာ
စကားဆက်ပြောသည်။

"အဲ့တာကို စောစောက ပြောပါလား၊
ငါက ဘာများလဲလို့ လန့်လိုက်တာကွာ။
ဆော့မယ်  မင်းတို့အခန်းကမဖွင့်သေးဘူးမလား
ငါတို့အခန်းဘက်လာခဲ့ "

NYOWhere stories live. Discover now