nyo 9 unicode
ကျောင်းတွေပြန်ဖွင့်ပြီး
လပြည့်နှင့်ခက်ဆစ်တို့ကြားတွင်
ညီမင်းခန့်ဟုခေါ်သော သူငယ်ချင်းတစ်ယောက်ထပ်တိုးလာခဲ့တော့သည်။၈တန်းနှစ်၏ပထမဆုံး ကျောင်းဖွင့်သောရက်တွင်
ခက်ဆစ်သည် ခါတိုင်းကဲ့သို့ပင်
စက်ဘီးဖြင့် ကျောင်းကိုစောစောလာခဲ့သည်။
၈နာရီကျော်မှ ကျောင်းကိုရောက်သဖြင့်
ရှေ့ဆုံးခုံ ကိုတော့ မရတော့။"ဖေဖေ စကားများနေတာနဲ့ အခု ရှေ့ဆုံးခုံမရတော့ဘူး"
ခင်ဆစ် ကိုယ့်ဟာကိုယ် ပြောရင်း
ထမင်းချိုင့်ကို သူ့နေရာနှင့်သူ သွားထားလိုက်သည်။"ဟေ့ရောင် မင်းရှေ့ဆုံးထိုင်မှာလား
ငါနဲ့လာထိုင်လို့ရတယ်နော်"ခက်ဆစ် သူ့ကိုပြောလို့ ပြောနေမှန်းပင်မသိပါ။
"ဒီမှာ မင်းကို ရှေ့ဆုံးခုံ ထိုင်မှာလားလို့မေးနေတယ်လေ"
ရှေ့တည့်တည့်ကနေ လာရပ်ကာပြောမှ
သတိထားမိသည်။"ဟမ် ငါ့ကို ပြောနေတာလား"
"အူကြောင်ကြောင်နဲ့ မင်းထိုင်မှာလား မထိုင်ဖူးလား"
တစ်ဖက်က စိတ်မရှည်တော့ဟန်ဖြင့် ပြောနေသဖြင့်
ခက်ဆစ်အားနာကာ ထိုင်မည်ဟု
ပြီးစလွယ်ပြောလိုက်သည်။ထို့နောက် သူထိုင်နေသော ရှေ့ဆုံးခုံသို့
လွယ်အိတ်တွေသွားချထားလိုက်ပြီး
အောက်ကိုဆင်းပြီး မုန့်သွားဝယ်ရန်
ပြင်နေစဥ်မှာပင်"မင်းငါ့ကို မမှတ်မိဘူးလား"
ဟာဒီကောင် ဘာကောင်လဲဟ
ခက်ဆစ် စိတ်ထဲက အလိုမကျစွာတွေးလိုက်မိသည်။
ထုတ်တော့ မပြောဖြစ်။" ဒီနေ့မနက်မှ မင်းကိုမြင်ဖူးတာ
ဘာတွေလာမေးနေတာလဲ ""မင်းတကယ် မမှတ်မိတာပဲ"
"ဘာကိုမှတ်မိရမှာလဲ ဘာမှမသိဘူး"
"သေချာကြည့် ငါလေကွာ"
"အရမ်းအားနေတာလား
အရမ်းအားနေရင်လဲ တံမြက်စည်းလှဲနေ
အတန်းထဲမှာ ရှုပ်ပွနေတယ် မြင်တယ်မလား၊
စကားလာမများပဲနဲ့ အဲ့တာလုပ်နေရင်
တော်တော်အကျိုးရှိမှာပဲသိလား"
YOU ARE READING
NYO
Teen Fictionအမြဲတမ်း အမှတ်ရနေမယ့် အမှတ်တရတစ်ခုပေါ့.... မင်းကို ပေါ့ပေါ့ပါးပါးသိစေချင်တဲ့စိတ်နဲ့။