Xiaozhanရင်ခွင်ထဲမှာ အိပ်နေတဲ့ ကောင်လေးကို တစိမ့်စိမ့် နဲ့ ထိုင်ကြည့်နေမိတယ်..ဘေးနားက တဘက်ကို ယူကာ ရေစိုနေတဲ့ ခေါင်းလေး ကိုဖွဖွသုတ်ပေးလိုက်တယ်..လည်ပင်းနားက သူ့လက်ရာတွေကြောင့်နီရဲနေလို့ဆေးကို ဖွဖွ လိမ်းပေးမိသည်..သွေးစို့နေတဲ့ နှုတ်ခမ်းတွေကို ဖွဖွ ထိလိုက်ပြီး ကောင်လေးရဲ့ ပါးဖောင်း ဖောင်းလေးတွေမှာ နှာခေါင်းနှစ်ထားမိတယ်..
"Xian Li အဲ့လိုမလုပ်ပါနဲ့..ကိုယ် မင်းကိုချစ်တယ်လေ"
"Xiao Min ရှင်က ကျွန်မရှင့်အပေါ်ကောင်းနေတုန်းက ရှင်ကရက်စက်ခဲ့ပြီး ခုကျမှ ချစ်တယ်တဲ့လား..ဟားဟား ရယ်စရာကောင်းလိုက်တာ"
"Zhanသားမှတ်ထား လူတွေအပေါ်ကောင်းပေးလို့မရဘူး..ရက်စက်မှ သူတို့က သားအပေါ် ခင်တွယ်မှာ".
စကားသံတွေဟာ နားထဲမှာ ပဲ့တင်ထပ်လာတယ်..Xiaozhan တစ်ကိုယ်လုံး တုန်ရီလာတယ်..ပါးဖောင်းဖောင်း လေးဆီက ခွာလိုက်ပြီး ထ ထွက်သွားဖို့ ပြင်တယ်..ထိုအချိန်မှာ သူ့ခါးကို ဖက်လာတဲ့ လက်လေးတွေ..
"မသွားပါနဲ့.. ကိုကို..ချမ်း..ချမ်းတယ်..ဖက်ထားပေးပါ".
တုန်တုန်ရီရီနဲ့ မျက်လုံး တွေပိတ်ပြီး သူ့ကို အတင်းဖက်တွယ်ထားတဲ့ ကောင်လေး ကို ကြည့် တယ်..သက်ပြင်းချကာ ကုတင်ပေါ် ပြန်လှဲ ပြီး ကောင်လေး ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲကျစ်ကျစ်ပါအောင် ဖက်ထားလိုက်တယ်..
"ဒီတစ်ညပဲ Wang Yibo..ဒီတစ်ညပဲ..ငါ မင်းအပေါ် မကောင်းချင်ဘူး"
....
တစ်ကိုယ်လုံး နာကျင်မှု့တွေနဲ့ လူက မျက်လုံးပွင့်လာတယ်..မျက်စိရှေ့မှာ မြင်နေရတဲ့ ရင်ဘတ်ဖြူဖြူ ကို ကြည့်ပြီး အံ့ သြ သွားတယ်..
"ကိုကို.."
ဘာလို့ ကိုကိုကသူနဲ့ အတူ မနက်ထိ အိပ်နေရတာလဲ..အရင်ကဆို ကိုကို က သူလိုချင်တာ ရပြီးသွားရင် သူ့အခန်းသူ ပြန်သွားတဲ့သူက ဘာလို့ အခုမှ..သူ့ ခါးပေါ်တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့ ကိုကို လက်တွေကြောင့် ကြည်နူးမှု့က ရင်ထဲ သိမ့်ခနဲ..ခေါင်းကို အသာမော့ကာ ကိုကို့ မျက်နှာလေးကို ငေးမိတယ်..နေရောင်ထိုးနေတဲ့ မျက်နှာလေးက ဝင်းမွတ်နေသည်..မျက်တောင် လေးတွေက အစ လှရက်လွန်းတဲ့ ကိုကို..ကိုကိုက အိပ်နေရင် အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက် လိုပဲ..နှုတ်ခမ်းအောက်က မှဲ့လေးကို အသည်းယားစွာ ဖွဖွ လက်ညိုးလေးနဲ့တို့မိတော့ မျက်ဝန်းညိုတွေက ပွင့်လာတယ်..
![](https://img.wattpad.com/cover/210692389-288-k240616.jpg)
YOU ARE READING
you are like a Oyster without pearl (Completed )
FanfictionThe story between two same face man and one boy..