"အယ်..ဒယ်ဒယ် က ဘာလို့ ဒီကို ရောက်နေတာလဲ..ခုနက ကြက်ကြော်ဆိုင်မှာပါ"
စင်ဒီက ပြော ရင်းဆိုရင်း Xiaozhan နား သွားကာ နှုတ်ခမ်း အောက်က မှဲ့ကို ထိ လိုက်ပြီး..
"ဒါလေးက အရင်က ရှိပါဘူး..ခု ဘာလို့ အစက်လေး ဖြစ်နေတာလဲ..သမီး မေးစေ့က အစက်လေးနဲ့တူတယ်.. ခ်ခ်"
ယုန်သွားလေးတွေပေါ်အောင် ရယ်နေတဲ့ စင်ဒီ့ကို Xiaozhan ကြည့်ပြီး အလိုလို မျက်ရည် ကျလာတယ်...
သမီးလေးရဲ့ ပါးပြင်ကို ဖွဖွလေး ထိဖို့ အလုပ်..
"စင်ဒီ..လာခဲ့"
Yiboက ရုတ်တရက် စင်ဒီ့ကို ကောက်ချီလိုက်သည်..
"သမီး ဒယ် ဒယ်ကော..သမီး ဒယ် ဒယ် ဘယ်မှာလဲ"
"Daddy..ဒယ် ဒယ်က ဒီမှာလေ.."
"သူက သမီး ဒယ်ဒယ် မဟုတ်ဘူး..သမီးဒယ်ဒယ်နဲ့ တူတဲ့ ဦးလေးကြီး..သမီး ဒယ် ဒယ် ဘယ်မှာလဲ..ပြော"
"ခုနက ကြက်ကြော်ဆိုင်မှာ.."
Yiboမျက်နှာက ဒေါသကြောင့် နီရဲနေသည်..
"Wangလေး..သမီးလေး က ဘယ်သူလဲ..ဘယ်သူ့ကလေးလဲ..ကိုယ့် ကလေးလေး မလား..ဟင်..ဟုတ်တယ်မလား ဟင်"
"ကိုကို..သမီးက ကိုကိုနဲ့ ဘာမှ မဆိုင်ပါဘူး..သမီးက Seanနဲ့ ကျွန်တော်ရဲ့ ကလေးပါ"
"Wangလေး.."
Yiboက Wang Li Han ကိုကြည့်ကာ
"Ge..ဘာလို့ သမီးကို Seanမသိအောင် ခေါ်လာရတာလဲ..သူ ဘယ်လောက် စိတ်ပူနေမယ် ထင်လဲ"
Yiboက ခပ်မာမာ ပြောခဲ့ကာ သမီးကို ချီကာ ထွက်သွားသည်..Xiaozhan ကတော့ ထို မြင်ကွင်းကို ကြည့်ကာ မျက်ရည်တွေကျနေလျှက်..
...
"ဟဲလို..Darling.. သမီး ပျောက်သွားလို့..ငါ..ငါ..ငါအသုံးမကျဘူး"
Phဆက်လိုက်တာနဲ့ အသံတွေတုန်ကာ ကယောင် ခြောက်ခြား ပြောနေသည့် Seanကြောင့်..
"Sean..စိတ်အေးအေးထား ပါ..သမီးက ကိုယ့်ဆီမှာ..Geက သမီးကို ဆေးရုံကို ခေါ်လာခဲ့တာ"
"ဘာ..ဒါ..ဒါဆို.. သမီးနဲ့ သူနဲ့ တွေ့ ပြီး ပြီပေါ့..သူ.သူက သမီးကို ငါ့ဆီက လုသွားတော့မှာလား"
![](https://img.wattpad.com/cover/210692389-288-k240616.jpg)
YOU ARE READING
you are like a Oyster without pearl (Completed )
FanfictionThe story between two same face man and one boy..