ကားမီးရောင်အောက်မှာ မြင်နေရသည့် ကိုကို့ မျက်လုံးတွေဟာနီရဲနေကာ ပေါက် ထွက်တော့ မတက်ဖြစ်နေသည်..
"Wang Yibo..မင်း အခုဆင်းလာခဲ့"
ကားတံခါးကိုတဒုန်းဒုန်းထုကာ အော်ဟစ်နေသည်..တံခါးလော့ကို ဖွင့်ကာ ဆင်းမည် ပြင်နေတဲ့ သူ့ လက်ကို Seanကဆွဲကာ..
"Darling..အခုဆင်းသွားရင် အဆင် ပြေ ပါ့မလား..ငါ ကားကို ပြန်မောင်းထွက်လိုက်ရမလား"
"ရပါတယ်..ဘာမှ မဖြစ်ဘူး..ကိုယ် ဆင်းသွားတာနဲ့ မင်း ပြန် လိုက်တော့ နော်"
"Darling.. ငါ မင်းကို စိတ်ပူ..."
Seanစကားမဆုံးသေးခင်မှာပင် သူ ကားတံခါးကို ဖွင့်ကာ ထွက်လိုက်ချင်းပင်..
"ဖောင်း"
ခနဲ မြည်သံနဲ့အတူ နားထင်တစ်ခုတစ်ခုလုံး ပူထွက်သွားသည်..
"ဘာ စောက်ချိုးချိုးတာလဲ Wang Yibo.."
ကိုကို့ လက်ချက်ကြောင့် ပြာသွားသည့် မျက်လုံးတွေနဲ့ ကိုကို့ကို ကြည့်ကာဘာမှ မပြောပဲ ခြံထဲ ဝင်မည် လုပ်တော့ ပခုံးနှစ်ဖက်ကိုကိုင် ဆောင့်ကာ
"ငါမေးနေတာ စောက်ဖက်လုပ်..ငါ့အိမ်ရှေ့မှာ ခွေးဇာတ် ခင်းနေကြတဲ့ အကြောင်း မေးနေတာ"
"ခင်ဗျား လွန်နေပြီ Xiaozhan..ဘာလို့ သူများသားသမီးကို လက်ပါရတာလဲ"
ဘယ်အချိန် ကားအပေါ်က ဆင်း လာမှန်း မသိတဲ့ Seanက ဝင်ပြောသည်..ကိုကို့ ဒေါသမျက်ဝန်းတွေဟာ Seanဘက်လှည့်သွားကာ..
"ကြာကူလီကောင်..ငါနဲ့ တစ်ပုံစံထဲတူနေတဲ့ ရုပ်ကို ဗန်းပြ ပြီး လုပ်စားနေတဲ့ ကောင်"
"ကိုကို..Seanကို အဲ့လို မပြောနဲ့ "
"အဟတ်..ဘာလဲ..မင်းလင်ငယ် ကို ထိတော့နာတာလား"
"ကိုကို"
"ပြန်ပြောစမ်း..သူ့ကို မထိနဲ့ဆိုတဲ့ စကားကို ငါ့ကို ပြန်ပြောစမ်း"
ကိုကို့ လက်တွေဟာ သူ့ လည်ပင်းတွေကို ညစ်ကာ မေးနေသည်..
"ခွပ်.."
Seanက ကိုကို့ကိုတွန်းထုတ်ကာ တစ်ချက်ဆွဲထိုးလိုက်ပြီး..
"လွန်နေပြီ..ခင်ဗျား တရားလွန်နေပြီ Xiaozhan ..ခဗျား သူ့ကို မထိနဲ့ "
ESTÁS LEYENDO
you are like a Oyster without pearl (Completed )
FanficThe story between two same face man and one boy..