Part -18 (ZC & UC)

5.9K 631 150
                                    

"Ge..Ge ခုနက ဘာပြောလိုက်တာ..Xiao..Xiaozhan က ဘာဖြစ်တာ"

Yiboက ကော်ဖီခွက်ကို စိတ်လှုပ်ရှားစွာ ပွတ်နေပြီးမေးသည်..

"Xiaozhan က ငယ်ငယ်ထဲ က စိတ်ဒဏ်ရာတွေ အများကြီးနဲ့ သနားစရာ လူပါ ညီ..အခု..သူ့ဘဝရဲ့နောက်ဆုံးချိန်ရောက်နေပြီ..နှစ်ပေါင်း များစွာ ခံစားခဲ့ရတဲ့ သူ့ရဲ့ နှလုံးရောဂါ က နောက်ဆုံး အဆင့်ရောက်နေပြီ"

"နှလုံးရောဂါ..ဟုတ်..ဟုတ်လား Ge..ကျွန်တော်သူနဲ့ တူတူနေခဲ့တာ ဘာလို့ မသိရတာလဲ"

"Xiaozhan က အားလုံး ကို ဖုန်းကွယ်ထားခဲ့တာ ..ဘယ်သူမှမသိခဲ့ဘူး..အနားမှာ ဘယ်သူမှ မရှိပဲ တစ်ယောက်ထဲ နေခဲ့ရတဲ့ Xiaozhan က သနားစရာ ကောင်းပါတယ် ညီ"

"ကျွန်တော် တို့ ဇာတ်လမ်း က ပြီးသွားခဲ့ ပြီ...ကျွန်တော် သူ့အနားကို ပြန် မသွားနိုင်ဘူး Ge..ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် စိတ်ထဲမရှိတော့ပါဘူး..သူ့ကို ခွင့်လွှတ်တယ်လို့ ပဲ Geပြောပေးပါ..ကျွန်တော့် ကိုလဲစောင့်မနေပါနဲ့ လို့ ကျွန်တော် ပြန် မလာဘူး..Geနဲ့တွေ့တာ အတော်ပဲ..သူ့ဆီက ကွာရှင်းစာချုပ်တောင်းပြီး ကျွန်တော့်ကို ပို့ပေးပါ"

"ညီ..မင်းဘာလို့ ဒီလောက်သွေးအေးရတာလဲ..မင်းတကယ် သူ့ကို မသနားဘူးလား"

"သနားရမယ်..ဟုတ်လား Ge..သူ ကျွန်တော့် ကို စိတ်ကော ကိုယ်ကော ညှင်းပန်းခဲ့တာ အများကြီး..ကျွန်တော်တို့ မင်္ဂလာဦးညမှာ သူ ကျွန်တော့် ရည်းစားဟောင်းနဲ့ အိပ်တယ်..လက်ထပ်ပြီးတဲ့နောက် တွေ့ရာ မိန်းမနဲ့ ညတိုင်း အိပ်တယ်..ငြီးငွေ့သွားရင် ကျွန်တော်နဲ့ လာအိပ်တယ်..သူက ကျွန်တော့်ကို အဲ့ မိန်းမတွေနဲ့ တန်းတူထားခဲ့တာ..သူ့စိတ်ထဲ ကျွန်တော့်အဆင့်က အဲ့ မိန်းမတွေ လောက်ပဲ ရှိတာ"

"မဟုတ်ဘူး..ညီ..တစ်ခု ခု မှားနေပြီ.."

Ph မြည်လာတာကြောင့်Ge က ပြော လက်စ စကားကို ခဏ ရပ်သည်..

"အင်း..Lei Lei..သား နေကောင်းလား..ကိုယ် ညီ့ကို တွေ့ပြီ "

Geက အပြန်အလှန် ပြောနေပြီး ဟိုဘက်က ဘာပြောလိုက်လဲမသိ သူ့ကို ကြည့်ကာ..

"Lei Lei က ညီနဲ့ Ph ပြောချင်လို့တဲ့"

သက်ပြင်းချကာ သူ Phကို ကိုင်လိုက်သည်..

you are like a Oyster without pearl (Completed )Where stories live. Discover now