"Darling ဘာဖြစ်လို့လဲ..ဘာဖြစ်တာလဲ"
ပြိုလဲသွားသည့် Yiboရဲ့ခန္ဓာကိုယ်ကို Seanက ပြေးထိန်းကာ မေးသည်..
"Sean..Sean..ကိုယ့် ပါးပါး..ကိုယ့်ပါးပါး ဆုံးသွားပြီတဲ့.ကိုယ်..ကိုယ့်ကြောင့် ကိုယ့်ပါးပါးက..."
"မဟုတ်တာ Darling ရယ်..အဲ့လို မဟုတ်ပါဘူး"
"ငါကြောင့်..ဒါတွေအားလုံးက ငါ့ကြောင့်..ငါက မကောင်းတဲ့ ကောင်ပဲ"
Seanရင်ခွင်ထဲကကိုယ့်ကိုကိုယ် ထုရိုက်နေသည့် Yiboလက်တွေကို ထိန်းကာ
"မလုပ်ပါနဲ့..မလုပ်ပါနဲ့ တော့ Darling ရယ်..မင်းနာကျင်နေတာကြည့်ရတာ ငါ့ရင်ထဲမှာလဲ ငရဲလို ပူလောင်နေရပါတယ်"
.....
ကားတံခါးဖွင့်ပေးကာ Yiboပခုံးကိုဖက်ကာ Seanက ဆေးရုံထဲ ဝင်ခဲ့တော့..
"Xiao CEO..ကိုယ်ဝန်နဲ့ မိန်းကလေး နဲ့က ဘယ်လို ပတ်သတ်နေတာလဲ..Wang CEOနဲ့ ကွာရှင်းတော့မှာလား"
ဝိုင်းအုံလာတဲ့ သတင်းထောက်တွေကြောင့် Seanအခက်တွေ့သွားသည်..သွားပြီ..သူ့ကို Xiaozhan နဲ့ လူမှားကုန်ကြပြီ..ကျွတ်..
"ခဗျားတို့ လူမှားနေပြီ..Wang Yiboရဲ့ ခင်ပွန်းအစစ် Xiaozhan က ဒီမှာ"
လူအုပ်ကြားထဲ တိုးဝင်လာကာ Xiaozhan က Yiboကို Seanလက်ထဲ မှ ဆွဲယူကာ Yiboပခုံးကို ဖက်ထားလိုက်သည်..
"ဟင်..ဒါဆို..ဒီလူက ဘယ်သူလဲ..ဘာလို့ Xiao CEOနဲ့ တစ်ပုံစံထဲ တူနေရတာလဲ..အမွှာတွေလား..သတင်းထဲ က မိန်းကလေး နဲ့ ပတ်သတ်နေတာ ဘယ်သူလဲ"
Seanက သတင်းထောက် တွေရဲ့ စုံနေအောင်မေးနေ ကြသည့် မေးခွန်းတွေကြား Yiboမျက်နှာလေးကို လှမ်းကြည့်ရသည်..အသံတိတ် ငိုနေကာ အသက်မဲ့နေသလို မျက်လုံးတွေနဲ့ Yiboကို မြင်ရတာ စိတ်ထဲမှာ မကောင်း..
ငါတက်နိုင်သလောက် မင်းအတွက် ပေးဆပ်ချင်တယ် Darling ရယ်..ဆုံးဖြတ်ချက်တစ်ခု ကို ချကာ သတင်းထောက်တွေကို ကြည့်လိုက်ပြီး.."ကျွန်တော် က Fire Company ရဲ့ CEO Sean William ပါ..နာမည်တူ လူတူမရှား ကြားဖူးကြမှာပါ..ကျွန်တော်က Xiao CEOနဲ့ သွေးသားမတော်စပ်ပါဘူး..နေ့လည်က ခင်ဗျားတို့ သတင်းထဲမှာတွေ့ခဲ့တဲ့ မိန်းကလေးနဲ့ လူက ကျွန်တော်ပါ..Xiao CEOမဟုတ်ပါဘူး..အဲ့မိန်းကလေးကလဲ ကျွန်တော့် ညီမလေးပါ"
![](https://img.wattpad.com/cover/210692389-288-k240616.jpg)
ESTÁS LEYENDO
you are like a Oyster without pearl (Completed )
FanficThe story between two same face man and one boy..