Part-7 (ZC & UC)

5.9K 566 61
                                    

သူမ.. Lei Lei..ကိုကို့ရဲ့ အချစ်ဦး မိန်းကလေး..မင်္ဂလာပွဲမှာ သူ့ရဲ့ အစ်ကိုနဲ့ ထွက်ပြေးသွားခဲ့သည့် မိန်းကလေး..အခု သူမ က ဘာလို့ ပြန်ရောက်လာတာလဲ? ပြီးတော့ ဒီ..ဒီ ကိုယ် ဝန်ကရော?

"Lei Lei..ဘယ်လိုဖြစ်ပြီး..ငါ့ Ge.. ငါ့ Geရောဟင်"

"တိတ်စမ်း..Wang Yibo..အဲ့အကောင် အကြောင်း မင်းသူ့ကို မေးစရာမလိုဘူး.."

ကိုကိုက ဒေါသတကြီး ဝင်ပြောသည်..

"ဘာလို့ မေးလို့ မရတာလဲ..ကျွန်တော့် အစ်ကို ဘယ်မှာ ရှိလဲ သိချင်လို့လေ"

"ငါ မင်းကို ပါးစပ် ပိတ်တော့ လို့ ပြောနေတယ်နော်..သူ့ကို ထပ်မမေးနဲ့.."

"ကိုကို"

"သူ ဒီနေ့ က စပြီး ဒီမှာ နေလိမ့်မယ်.. မင်း အခန်းကို သူ့ကို ပေးလိုက်..မင်း အလယ်က အခန်းမှာနေ"

"ဘာလို့လဲ..ဘာလို့ Lei Lei က ဒီအိမ်မှာနေမှာလဲ"

ကိုကိုက မဲ့ ပြုံး ပြုံးကာ သူ့မျက်နှာကို ကြည့်ရင်း..

"ဘာလို့လဲ ဆိုတော့..သူက ငါ့ကလေးကို လွယ်ထားရလို့"

"ဘာ...မ..မဖြစ်နိုင်တာ..သူ က ကျွန်တော့် အစ်ကိုနောက် လိုက်ပြေးသွားတာလေ..ဒီကလေး က ဘာလို့.."

"မင်း အစ်ကိုနဲ့ သူ လိုက်ပြေးသွားတာ 2 လပဲ ရှိသေးတယ်..အခု သူ့ ကိုယ်ဝန်က ၄လရှိနေပြီ..မင်း အကိုနောက် မလိုက်ခင် Lei Leiနဲ့ ငါက.."

"တော်တော့..တော်ပါတော့ကိုကို..ကျွန်တော် မကြားချင်တော့ဘူး"

Yiboက မျက်ရည် တွေကျလာကာ ထ ရပ် လိုက်ပြီး..

" ဒါ ဆိုလဲ ကျွန်​တော့်ကို ကွာရှင်းပေးပါ.. "

ကိုကိုက ထ လာက သူ့အကျီင်္စကို ဆွဲကာ နာကျည်းစွာ ကြည့်လိုက်ပြီး..

"ကွာရှင်းမပေးနိုင်ဘူး..ငါ မင်းကို ယူထားတာ လွယ်လွယ်နဲ့ ကွာရှင်းပေးဖို့ မဟုတ်ဘူး..မင်း ကြောင့် ငါအရှက်ကွဲ ခဲ့ရတာ..မင်း အစ်ကို ကြောင့် ငါနဲ့ Lei Lei ကွဲ ခဲ့ရတာ..အဲ့တာတွေ အတွက် မင်း ပြန် ပေးဆပ် ရမယ်"

"ကိုကို.."

"ငါ့ ခွင့် ပြုချက် မပါပဲ ဒီ အိမ်က ထွက်သွားဖို့ မကြံနဲ့..မင်း ကို ရေဆုံး မြေဆုံး လိုက်ရှာပြီး အရှက်ခွဲ ပြစ်မယ်"

you are like a Oyster without pearl (Completed )Tempat cerita menjadi hidup. Temukan sekarang