Yiboက အထုပ်တွေဆွဲပြီး အိမ်ကို အသက်မဲ့တဲ့ ခြေလှမ်းတွေနဲ့ ပြန်လာတယ်...သုံးနှစ်ကျော်လောက် နေလာတဲ့ လှပတဲ့ ပတ်ဝန်းကျင် ကိုလဲ မခံစားနိုင်တော့ဘူး..သူ့ရင်တွေ နာကျင်တယ်..ရင်တစ်ခု လုံး ဆွဲ စုပ် ခံ ထားရသလိုပဲ..Xiaozhan က သူ့ကို လက်နက်မပါပဲရှင်လျှက်နဲ့ အကြိမ်ကြိမ် သေဆုံးစေနိုင်တဲ့ သူပါပဲ..
ဒါပေမဲ့ လဲ Xiaozhan အပေါ် ထားရှိတဲ့ သူ့u အချစ်တွေက အခုထက်ထိ မသေဆုံး နိုင်သေးတာတော့ ခက်တယ်.."Lu Fei..သမီး Daddy ပြန်လာပြီ"
အိမ်ပေါက်ဝကနေ ထွက်ကြိုနေတဲ့ သမီးနဲ့ Seanကို မြင်တော့ ငိုချင်လာတယ်..ကိုယ်ကတော့ သူ့သွေးသားဖြစ်တဲ့ သမီးနဲ့သူနဲ့တူတဲ့ တခြားယောကျာင်္းတစ်ယောက်နဲ့ သုံးနှစ်ကျော်လောက် ပျော်ပါးနေချိန် Xiaozhanက ဆေးပိုက်တွေကြားထဲမှာ ရှင်သန် နေခဲ့ တယ်တဲ့လား..သူမတရားဘူး..Xiaozhan က မကောင်းတဲ့သူဆို သူက လဲ မကောင်းတဲ့ သူတစ်ယောက်ပဲ..
"Daddyအရမ်းနောကိကျတာပဲ..သမီးစောင့်နေတာ ကြာလာပြီ"
ပြေးလာတဲ့ သမီးကို ပွေ့ချီပြီး ပါးလေးတွေကို နမ်းလိုက်တယ်..
"Sorryပါ သမီးလေးရာ..Daddyအသိတစ်ယောက်နဲ့တွေ့နေလို့.."
Seanက ဘာမှ မပြောပဲအထုတ်တွေယူရင်း သူ့မျက်နှာကို သေချာ လိုက်ကြည့်နေတယ်..
"သမီး ဒီနေ့တော့ ခေါက်ဆွဲ ပြုတ်ပဲစားလိုက်ပါလား..ဒယ်ဒယ့်ကို လုပ်ခိုင်းလိုက်..Daddyနေမကောင်းလို့ နားချင်လို့"
Seanက ဘေးနားလာကာ သူ့နဖူးကို စမ်းရင်း..
"ဖျားနေတာလား Darling.. ကိုယ်လဲ မပူပါဘူး"
"အင်း..နည်း နည်း နှုံးနေလို့"
"ဒါဆိုလဲ သွားနားလိုက်လေ..ငါ သမီးကို ကျွေးပြီးသိပ်လိုက်မယ်"
"အင်း..ကျေးဇူး Sean"
....
"Daddyကလဲ ကြက်ဆင်သားတွေဝယ် လာပြီး ချက်လဲမကျွေးဘူး..ဟွန့်"
ယုန်သွားလေးတွေ ရှေ့ခေါထွက်ကာ ပြောနေတဲ့ သမီးကို Seanက နှစ်ခြိုက်စွာ ကြည့်ကာ ပါးလေးကို ဖွဖွ လိမ်ဆွဲရင်း..
"သမီး Daddyက နေမကောင်းလို့ပါကွာ..နေကောင်းသွားရင် ကျွေးမှာပေါ့..အခု စားမကောင်းလို့လား"
ESTÁS LEYENDO
you are like a Oyster without pearl (Completed )
FanficThe story between two same face man and one boy..