Part-6 (ZC & UC)

6.2K 544 64
                                    

အထဲတောင် မဝင်ရသေး မေ့လဲသွားတဲ့ Yiboကို Sean ပွေ့ချီကာ ကုတင်ပေါ်တင် ပေးလိုက်သည်..ခြစ်ခြစ်တောက်ပူနေသော ကိုယ်တွေကြောင့် ရေပတ်တိုက်ပေးဖို့ အကျီင်္ကို ချွတ်ပေးလိုက်တော့ ဖြူဖွေးနေတဲ့ ခန္ဓာကိုယ်မှာ အညို အမည်း ရာတွေ ကိုက်ရာတွေက ပွထနေသည်..ဒီလောက်နဲ့တင် Yibo ဘာဖြစ်ခဲ့လဲဆိုတာ သူ ခန်မှန်းလို့ ရနေပြီ..
Xiaozhan ဟာ ဘာလို့ Yiboပေါ်မှာ ဒီလောက် ရက်စက်ရတာလဲ..ရေပတ် ဝတ်လေးကို ယူကာ နဖူးပေါ်တင်ပေးလိုက်ပြီး..လက်နုနုလေးကို ဖွဖွဆုပ်ကိုင်ကာ..

"ငါ မင်းကို ဂရုစိုက်ပေးမယ် Darling.."

နှစ်နာရီလောက် ကြာပြီးနောက်မှာ Yibo နိုးလာသည်..Seanက Laptop ကို ချကာ Yiboနားသွားပြီး နဖူးလေးကို စမ်းကာ..

"အင်း..ကိုယ်တော့ အရမ်းမပူတော့ဘူး..တော်သေးတာပေါ့"

"Sorryပါ မင်းကို ဒုက္ခ ပေးမိသလို ဖြစ်နေပြီ"

"ကိုယ့်အတွက် Darling နဲ့ ပတ်သတ်လာရင် ဒုက္ခဆိုတာ မရှိပါဘူး..ခဏစောင့်..ကိုယ် ငါးရံဆန်ပြုတ် လုပ်ထားတယ်..ပြန်နွေးလိုက်ဦးမယ်.."

နောက်ဖေးခန်းထဲဝင်သွားတဲ့ Sean ကို ငေးကြည့်နေမိသည်..ကိုကို သာ သူ့ကို Seanလို ဂရုစိုက်ပေးရင် ဘယ်လောက်ကောင်းမလဲ..ဘေးနားချထားသည့် Phကိုမျှော်လင့် တကြီး ကြည့်မိသေးသည်..ကိုကိုများ Phဆက်မလားလို့..အဟတ်..ဘာတွေမျှော်လင့်နေတာလဲ ကိုကိုက သူ့ကို ဘယ်တုန်းက များ ဂရုစိုက်ဘူးလို့လဲ..

"လာပါပြီ..ငါးရံဆန်ပြုတ်ပူပူလေး..ကိုယ်  ကိုယ်တိုင် လုပ်ထားတာနော်..လာ သောက်လိုက်..ဆေးသောက်လို့ရအောင်"

"အင်း..ကျေဇူး"

"ကိုယ် ခွံ့ကျွေးမယ် Darling "

"အာ..ရပါတယ်..ကိုယ့်ဘာသာကိုယ်စားလို့ရပါတယ်"

"လာပါ..Darling လက်တွေတုန်နေတယ်..ငါကျွေးပါ့မယ်"

စိတ်ရှည် လက်ရှည်နဲ့ ဆန်ပြုတ်ခွံနေတဲ့ Seanကိုသူ တစိမ့် စိမ့်ကြည့်နေမိသည်..အနီးကပ်မြင်နေရတဲ့ Seanမျက်နှာဟာ နှုတ်ခမ်းအောက်က မှဲ့နက်လေး ပိုင်ရှင်နဲ့ တူလွန်းလှသည်..ရုတ်တရက် ဆန်ပြုတ် ခွံနေတဲ့ Seanလက်တွေကို သူ ဆွဲ ယူလိုက်တော့ Seanက မော့ ကြည့်လာသည်..

you are like a Oyster without pearl (Completed )Tempat cerita menjadi hidup. Temukan sekarang