Yiboနာကျင်မှု့တွေနဲ့ နိုးထလာတော့ သူ့ ဘေးမှာ ထိုင်ကာ အကျီင်္ဝတ်နေသည့် Xiao Zhan ကို တွေ့လိုက်ရသည်..
"နိုးပြီလား..ရေသွားချိုး..အိမ်ပြန်ကြမယ်"
အမိန့်ပေးသံ ပေါက်တဲ့စကားကို သူ ခေါင်းညိမ့်ပြကာ နာကျင်နေတဲ့ ခန္ဓာကိုယ် ကို တစ်လှမ်းချင်း အားယူ လျှောက်ပြီး ရေချိုးခန်းဆီလျှောက်ခဲ့ရသည်..Xiao Zhan က သူ့ကို တစ်ချက်သာ လှည့်ကြည့်ပြီး သူ့ အလုပ်သူ ပြန် လုပ်နေသည်..
သူရေချိုးခန်းက ပြန်ထွက်လာတော့ အပြင်ခဏထွက်သွားပုံ ရသည့် Xiao Zhanက ပြန် ဝင် လာပြီး သူ့ကို ဆေး တစ်ကဒ်ကို ပြစ်ပေးသည်..
"ရော့ သောက်လိုက်"
"ကျေးဇူး ကိုကို"
"မလိုဘူး..ငါ မင်းကို နှိပ်စက်လို့ မဝသေးခင်သေ သွားမှာစိုးလို့ တိုက်တာ..ဂရုစိုက်တယ်ထင်မနေနဲ့"
ကိုကို့ စကားကြောင့် သူ့ ရင်ထဲ ဆစ်ခနဲ နာကျင်သွားရသော်လည်း ပြုံးကာ ဆေးကို သောက်လိုက်သည်..
ကိုကိုနဲ့ သူ အပြင်ထွက်လာတော့ အခန်း ဝမှာ Hazelက ရပ်စောင့်နေသည်..
"ပြန်တော့မလို့လား Mr.Xiao ညကတော်တော်ပျော်ခဲ့ရတယ် သိလား.."
"ဘာကိစ္စရှိ လို့ ငါ့ဆီ လာတာလဲ"
"ယူ ပြန်တော့မယ် ကြားလို့ တို့ လမ်းကြုံ လိုက်မလို့"
"ငါ က ငါ့ကားပေါ်တွေ့ကရာ မိန်းမ ကို မတင်ဘူး"
"ယူ ဘာပြော လိုက်တယ်..အဲ့တွေ့ကရာ မိန်းမနဲ့ပဲ ယူ ညက အိပ်ခဲ့တယ်မလား"
"အင်း..အိပ်ခဲ့တယ်လေ..ငါ့သွေးသားဆန္ဒအတွက် ဒါပေမဲ့ မင်းက Yiboလောက်တောင်မကောင်းဘူး"
"ဘာ..Xiao Zhan ရှင်.."
"လမ်းဖယ်..ဘာ.ကြောင် ကြည့်နေတာလဲ Wang Yibo. .လာ သွားမယ်"
ပြောပြီး ကိုကိုက သူ့လက်ကိုဆွဲကာ Hazel ပခုံးကိုတိုက်ကာ ထွက်လာခဲ့သည်.Yiboကတော့ မယုံနိုင် စွာ ဖြစ်လို့..
.....
ကား နောက်ခန်းမှာ နှစ်ယောက် အတူ ထိုင်နေပေမယ့် ကိုကို က သူ့ကို ဂရုမစိုက်ပဲ ပြတင်းပေါက် ဘက် ကို မျက်နှာမူကာ ငေးနေသည်..ကိုကို ဟိုကောင်မလေးကို သတိရနေတာလား..ဟိုကောင်မလေးဆိုမှ Geကို အခုထိ မတွေ့သေး..သူ ရှာနေတာ ကြာပြီ..ကိုကို့ရဲ့ သတို့သမီးကို ခိုးပြီး Geဘယ်တွေပုန်းနေတာလဲ..
أنت تقرأ
you are like a Oyster without pearl (Completed )
أدب الهواةThe story between two same face man and one boy..