Part-22 (ZC & UC)

6.2K 660 258
                                    

ဘေးမှာ ကျောပေးကာ အိပ်ပျော်နေတဲ့ Darling ကို တစ်ညလုံး မအိပ်ပဲ ထိုင် ကြည့်ပြီး ငိုရလွန်းလို့ မျက်လုံး တွေလဲ နာနေပြီ..အချစ်က သူ့အပေါ်တော့ ရက်စက်လွန်းတယ်..အရာရာ ပေးဆပ်ခဲ့တာတောင် သူ ပြန်ရခဲ့တာ ဘာမှ မရှိဘူး..
အိပ်နေရင်းနဲ့တောင် Darling အိမ်မက်တွေမှာ ပါနေတဲ့သူက သူမဟုတ်ပဲ ကိုကို လို့ Darling ခေါ်သည့် Xiaozhan ဖြစ်ပုံရသည်..မျက်လုံး တွေ မှိတ်နေတာတောင် Darling က ထို နာမ်စား လေးကို တတွင်တွင်ခေါ်နေခဲ့သည်..
Darling မင်း သိလား..မင်း Xiaozhan ကို ဆယ်စုနှစ် တစ်စုစာ ချစ်ခဲ့တယ် ဆို ရင် ငါကလဲ မင်းကို ဆယ်စုနှစ် တစ်စုစာ ချစ်ခဲ့တဲ့သူပါ..
မင်းအနား ကို ရောက်ဖို့ ငါပေးဆပ်ခဲ့ရတာတွေ အများ ကြီးပါ..
ဒီဘဝမှာ တော့ ငါက ဘယ်လောက် ပဲ ပေးဆပ် ပေးဆပ် မင်းနှလုံးသားမှာ နေရာ မယူ နိုင်တော့ ဘူး ထင်ပါတယ်..နောက်ဘဝ ဆိုတာ ရှိခဲ့ရင်တော့ မင်း အရမ်းချစ် တဲ့ လူတစ်ယောက် အဖြစ် မွေးဖွားခွင့် ရချင်ပါတယ်..

"အင်း.."

ညီးသံ သဲ့သဲ့ကြောင့် မျက်ရည်တွေကို သုတ်ကာ မျက်လုံး တွေပွင့်လာတဲ့ Darling ကို ပြုံး ပြ လိုက်သည်..

"နိုးပြီလား Darling "

"အင်း.Sean..ကျွတ်..ကျွတ်..ကိုယ် ခေါင်းတွေ အရမ်းကိုက်တာပဲ"

"ညက Darling အရမ်း သောက် တာကိုး..ဖြည်းဖြည်းထဦး..ငါ မင်းအတွက် သံပရာ ရည်လေး ဖျော်ပေးမယ်"

အိပ်ယာပေါ်က ထနေတဲ့ သူ့ကို Darling က ပြန်ဆွဲ ကာ..

"နေဦး Sean.."

"ဘာပြောမလို့လဲ Darling "

"ငိုထားတာလား.. မင်းမျက်လုံးတွေ ယောင်နေသလိုပဲ"

"အိပ်တာများသွားလို့ နေမှာပါ..မငိုပါဘူး"

"Sean..ဟို..ညက..ကိုယ် Xiaozhan နဲ့ ပတ်သတိ ပြီး ဘာတွေ ပြောခဲ့မိလဲ မသိဘူး..မင်းကို နာကျင် စေခဲ့မိရင် ခွင့်လွှတ်ပါနော်"

"ရပါတယ်..Darling "

"ဟင်.."

"ငါ့ကို ချစ်လား.."

"ကိုယ်..မင်းကို သံယောစဉ် ရှိပါတယ် "

ခပ်ဖျော့ဖျော့ အပြုံးတစ်ခုကို ဟန်ဆောင် ပြုံးကာ ရင်ထဲက နာသည်..Darling ဟာ ခုချိန်ထိ သူ ချစ်တယ် လို့ မေးလို့ ဒီ လိုပဲ ဖြေနေဆဲ ပါပဲ..

you are like a Oyster without pearl (Completed )Where stories live. Discover now