Part-9 (ZC & UC)

5.8K 551 78
                                    

Warning (please don't read if you are under 18)🤚⚠🔞❌

"Babe..သူ သူက ဘယ်သူလဲ"

သူ့မျက်နှာနဲ့တစ်ပုံစံထဲတူနေသည့် Seanကို ကြည့်ကာ ထိတ်လန့်နေပုံရသည့် ကိုကိုက သူ့ကို ခြောက်ခြားစွာမေးသည်..

"တွေ့ရတာ ဝမ်းသာပါတယ် Mr.Xiao..ကျွန်တော် က Sean William ပါ"

သူဘာမှ မပြောခင်မှာ Seanက ကိုကို့ကို လက်ကမ်းပေးကာ မိတ်ဆက်သည်..

"ခင်ဗျား မျက်နှာက ဘာလို့ ကျွန်တော် နဲ့ ဒီလောက်တူနေရတာလဲ "

"လောက မှာ နာမည်တူ လူတူမရှားဆိုတာ ရှိ ကြတာပဲလေ Mr.Xiao..လူတော်တော်များများက ကျွန်တော့်ကိုတွေ့ရင် ခင်ဗျား နဲ့တူတယ်လို့ပြောကြတာ..ဒီလောက်တူမယ်မှန်းထင်တောင်မထင်ထားခဲ့ဘူး..မှန်ထဲမှာ ကိုယ့်ကိုကိုယ် ပြန်ကြည့်နေရသလိုပဲ".

"ထူးဆန်းလိုက်တာ.."

"အင်း...ဒါပေမယ့် ခဗျားနှုတ်ခမ်းအောက်က မှဲ့ကတော့ကျွန်တော့်ဆီမှာ မပါပါဘူး"

"အဟတ်..ဒီလောက်ထိတူမနေတာကို တော့ကျေးဇုးတင်ရမယ်..တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က Xiao Zhanပါ..ဒါက ကျွန်တော့်ရဲ့ ခင်ပွန်း.."

ကိုကို့စကားမဆုံးခင်မှာပဲ Seanက ကျွန်တော့်ကို ပြုံး ကြည့်ကာ..

"Wang Yibo..ကျွန်တော် သူနဲ့သိပြီးသားပါ"

ကိုကိုက ကျွန်တော့်ကို အံ သြ တကြီး ကြည့်ကာ..

"သိနေကြတာလား"

"Seanက ကျွန်တော်တို့ နဲ့ ခု စီးပွားတူတူ လုပ်နေတဲ့ Partner Company ကပါ.."

"Aww..ဟုတ်လား..Babe..ကိုယ့်ကို တစ်ခါမှ မပြော ဖူးဘူးနော်"

"စကားမစပ်မိလို့ပါ"

ရုတ်တရက် Seanက သူ့နှုတ်ခမ်းတွေအပေါ် လက်ကိုင်ပဝါ လေးတစ်ခုနဲ့ကိုကို့ အရှေ့မှာတင်ဖွဖွသုတ်ကာ..

"နှုတ်ခမ်းတွေကသွေးတွေ ထွက်နေတယ်"

ကိုကို့ အကြည့်တွေဟာ မီးဝင်းဝင်းတောက်နေသည်..

"အာ..တောင်းပန်ပါတယ် Mr.Xiao..ကျွန်တော် စိတ်ပူသွားလို့ပါ..နောက်မှ တွေ့တာပေါ့.. Mr.Wang..ခွင့်ပြုပါဦး Mr.Xiao"

you are like a Oyster without pearl (Completed )حيث تعيش القصص. اكتشف الآن