Part -5 (ZC & UC)

6.3K 621 38
                                    

အဲ့ဒီ့ည က Wang Yiboဟာ သူအရမ်းချစ်ရတဲ့ လူသားတစ်ယောက်နေရာမှာ ထိုလူသားနဲ့တူတဲ့ လူကို စတင် အစားထိုးခဲ့တယ်..
အဲ့အချိန်ကစပြီး အမှားတွေဟာ စတင်ခဲ့တော့တာပဲ..
ဘယ်လောက်ထိတောင် Seanရဲ့ အနမ်းတွေမှာ နစ်မြောနေမိလဲမသိ..Phသံ ကြားလို့ အသိဝင်လာချိန်မှာ သူ့ နုတ်ခမ်းတွေက Sean လည်ပင်း ပေါမှာတောင်ရောက်နေခဲ့ ပြီ..အနမ်းတွေကို ခွာလိုက်ပြီး Ph Screen မှာ ပေါ်နေသည့် Contact Nameကို ကြည့်လိုက်တော့..

"ကိုကို"

သူရဲ့ရေရွတ်သံကြောင့် Seanက ကြည့်ကာ ကိုင်လိုက်ဆိုသည့် ပုံဖြင့် မေးကို ငေါ့ ပြသည်..

"အင်း ကိုကို"

"Wang Yibo..မင်းဘယ်မှာလဲ..အခု ချက်ချင်းအိမ်ပြန်လာခဲ့"

"ကျွန်တော် မပြန် လာနိုင်ဘူး"

"ဆိုးဆိုးရွားရွားတွေ မဖြစ်ချင်ရင် နောက် နာရီဝက်အတွင်း အိမ် ရောက်အောင် ပြန် လာခဲ့..ငါစကားကိုနှစ်ခါ မပြော ဘူး..ဒါပဲ"

ကိုကို့ရဲ့အမိန့်တွေကို သူ့မှာ လွန်ဆန်ဖို့ အင်အားမရှိပါ..ချထားတဲ့ Coatကို ယူကာ ပြန် ဖို့ ပြင်တော့

"မင်း လူကြီး ပြန်ခေါ်နေပြီလား"

စီးကရက် တစ်လိပ်ကို ရှိုက်ကာ Sean က သူ့ကိုကြည့်ရင်း မေးသည်

"အင်း..ငါပြန်တော့မယ် "

"Wang Yibo"

လှည့်ထွက်လိုက်စဉ် ခေါ်သံကြောင့် သူ နောက် ပြန် ကြည့်မိသည်..

"ငါမင်းကိုနှစ်ယောက်ထဲရှိနေချိန် Darling လို့ခေါ်လို့ရလား"

"ဒီ ည ဖြစ်တဲ့ ကိစ္စ ကို ငါတို့မေ့လိုက် ကြရအောင်"

"Sorryပဲ ငါမမေ့ နိုင်ဘူး"

"မင်းသိတဲ့အတိုင်းပဲ ငါ့မှာ အိမ်ထောင်ရှိတယ်..ငါသူ့ကိုသစ္စာမဖောက်ချင်ဘူး..ပြီးတော့ ငါသူ့ကို ချစ်တယ်"

"အဟတ်..Wang Yibo..မင်း အရမ်း မဖြူစင်နဲ့.. လောကကြီးက ဖြူစင်တိုင်း မကောင်းဘူး.. သူတောင် မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းအိပ်နေတာပဲ..မင်းကရော ဘာလို့ မလုပ်နိုင်ရမှာလဲ"

"ဒါပေမဲ့ ငါက သူ့ကို ချစ်တယ်လေ..အဲ့တော့ ခွင့်လွတ်နိုင်တယ်"

you are like a Oyster without pearl (Completed )Tahanan ng mga kuwento. Tumuklas ngayon