Zawgyi
""Bangkok To Myanmar လေကြောင်းလိုင်းတွင်လိုက်ပါစီးနင်းလာသောလူကြီးမင်းများရှင့်
လူကြီးမင်းတို့လိုက်ပါလာသော လေယာဉ်သည်
Yangon International airport သို့မကြာမီဆင်းသက်တော့မှာဖြစ်ပါကြောင်းကြိုတင်အသိပေးအပ်ပါသည်ရှင်"လေယာဉ်မယ်လေးရဲ့ အကြောင်းကြားသံကြောင့်ရင်ခွင်ထဲရှိအနှီးထုတ်လေးထဲမှသားငယ်လေးအားငုံကြည့်မိလိုက်ချိန်တွင်မျက်တောင်ရှည်ရှည်ကော့ကော့လေးအောက်တွင်သားက အေးချမ်းစွာအိပ်မောကျနေလေသည်။ဖခင်ဖြစ်သူသည် သားအားကြည့်ကာ ပြုံးနေရင်းပင်
"သားရေ ဖေဖေတို့မြန်မာပြည်ကိုပြန်ရောက်ပီ"
ဟုဆိုကာ ရင်ခွင်ထဲရှိသားငယ်အားပိုမိုတင်းကြပ်စွာပွေ့ဖက်လိုက်တော့သည်။ထိုနည်းတူစွာ ဘေးတွင်ထိုင်နေသောမိန်းကလေးသည်မှာလည်းထိုသားငယ်အားမြတ်မြတ်နိုးနိုးကြည့်နေကာအပြုံးပန်းများဝေဆာနေလေသည်။*******************************************
Airport မှအထွက် Taxi ငှါး၍Taxi သမားအား အိတ်ကပ်ထဲကလိပ်စာတစ်ရွက်ကိုပေးလိုက်ကာလိပ်စာအတိုင်းလိုက်ပါစီးနင်းခဲ့လိုက်သည်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်ကဒီမြေပေါ်ကထွက်ခွာခဲ့သည်။ ရန်ကုန်မြေကြီးဟာမပြောင်းလဲခဲ့ပေမယ့် ထွက်သွားတုန်းကခံစားချက်နဲ့ပြန်ရောက်လာတဲ့ခံစားချက်တို့သည် မပြောင်းအလဲရှိနေသည်ဟု မညာချင်။ ဘန်ကောက်လိုနေရာတွင် တစ်နှစ်ကျော်နေခဲ့ပေမယ့်ပြန်ရောက်ရောက်ချင်းရန်ကုန်မှာနေ၍တော့မဖြစ် ။မြန်မာပြည်ပြန်မရောက်ခင်ထဲက သူငယ်ချင်း တစ်ယောက်အကူအညီနဲ့ မြို့လေးတစ်မြို့မှာ အချိန်တစ်ခုထိ တနည်းအားဖြင့်တော့သားအရွယ်ရောက်တဲ့ထိနေရအုံးမည်။"အဲ့ အဲ့ "
အတွေးတွေလွန်နေဆဲ ရင်ခွင်ထဲကသားက အသံပေးကာငိုနေပီ ကားလည်းရပ်သွားပီဖြစ်သောကြောင့် ကားပေါ်မှ ဆင်းကာ သားကိုကြည့်လိုက်ချိန်တွင် သားကမျက်ရည်လေးတွေစိုနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပြန်ကြည့်ကာရယ်ပြနေသည်။သားကိုရင်ခွင်ထဲပိုက်ထားလျှက်ပင် ခြံဝန်းအကျယ်ကြီးထဲက အိမ်ကြီးကို ခြံအကွယ်မှ ကြည့်နေသောကောင်လေးကို သူ့ဘေးကကောင်မလေးကတော့ ကျောပြင်ကိုပွတ်ပေးကာနှစ်သိမ့်ပေးနေလေသည်။အတန်ငယ်ကြာသော်
YOU ARE READING
(Lovely My Little World)(Z+U)(S1)
General Fiction🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည်။ 🔺အပိုင်း(၁) မှ အပိုင်း(၄၀) 🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည...