P(19) (Z+U)

43.2K 3.3K 112
                                    

Zawgyi

ပိုင်သည်မာန်၏စကား​ကြောင့် ကြီးကြီးအား ကူညီလုပ်ပေးပီးသည့်အချိန်တွင် မာန်၏အခန်းသို့သွားရန် အားတင်းလိုက်သည်။ ပိုင်သည်မာန်နှင့်နေရခြင်းထက်ကြီးကြီးနှင့်နေရခြင်းကပို၍လွတ်လပ်ပေမည်။သို့သော် ပိုင်တွင်ရွေးချယ်ခွင့်မရှိပေ။ မှန်သည် လူသည် ကိုယ်ရွေးသည့်လမ်းသာကိုယ်လျှောက်ရမယ် ။အထူးသဖြင့် မာန်နှင့်အန်တီနန်းနွယ်တို့စကားကိုပင် ငြင်းဆန်ခွင့်မရှိသလို ။ရွေးချယ်ခွင့်ပင်မရှိချေ။ ကြီးကြီးသည်
လုပ်စရာရှိတာ​တွေသာလုပ်ပီး​နောက်သူ့အခန်းထဲသို့ဝင်သွား​လေသည်။ပိုင်သည်သက်ပြင်းချကာမာန့်အခန်းထဲသွားရန် အားတင်းကာ လှေကားထစ်များအားတစ်လှမ်းချင်းတက်လာခဲ့လိုက်လေသည်။

မာန်၏အခန်း​ရှေ့တွင်ပိုင် ရပ်​​စောင့်​​​နေသည်​မှာ ​တော်​​တော်​ ကြာမြင့်​​နေပီဖြစ်​သည်​။တံခါး​ခေါက်​ရန်ရည်ရွယ်ချက်ဖြင့်​​​​​လက်​လှမ်းမိသည်​မှာအကြိမ်​ကြိမ်​ပင်​။ပြန်​ရုပ်​သိမ်းခဲ့သည်​မှာလည်းအကြိမ်​ကြိမ်​ပင်​။လက်​ထဲတွင်​ပါလာခဲ့​သော​စောင်​နှင့်​​ခေါင်းအုံး​လေးကိုသာကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ကိုင်​​နေမိသည်​။နောက်​ဆုံးတွင် မျက်​စိစုံမှိတ်​ထားလျှက်​ ​ရှေ့တွင်​ပိတ်​ထား​သောတံခါးကိုသာအရဲစွန့်​​ခေါက်​လိုက်​​တော့သည်​။

ဒေါက်​ ​ဒေါက်​ ​ဒေါက်

"ဝင်​ခဲ့"ဟုသောလေသံမာမာကိုပါတန်းကြားလိုက်ရလေသည်။အခန်းထဲရှိမာန်​ရဲ့တုံ့ပြန်​သံကြားသည့်​အခါမှသာတံခါးလက်​ကိုင်​အားတုံယင်​​နေ​သောလက်​တစ်​စုံဖြင့်​ ဖွင့်​ကာအထဲဝင်​လိုက်​​တော့သည်​။ပိုင်အခန်းထဲသို့​ရောက်ချိန်​တွင်​ဖြူ​ဖွေးနုရွ​နေ​သော king bed size အိပ်​ယာ​အစွန်းတွင်​ခပ်​​လျော​လျောထိုင်​​နေ​​သောမာန်​သည်​ခါးတွင်​သဘက်​ အဖြူ တစ်​ထည်​ကိုသာပတ်​ထား​ပီးညာဘက်​လက်​ထက်​တွင်​​သောက်​လက်​စဝိုင်​ခွက်​ကိုသာကိုင်​ထားကာ ​ရှေ့တွင်​ရှိ​သော TV ကိုသာစိုက်​ကြည့်​​နေသည်​။ ပိုင်​သည်​တံခါးကိုသာခက်​ဖွဖွပြန်​ပိတ်​လိုက်​သည်​။

 (Lovely My Little World)(Z+U)(S1)Donde viven las historias. Descúbrelo ahora