Zawgyi
သူရိန် နေမင်းကြီးကလည်းတိမ်တွေကြားမှလောကတရားကြီးအားအလှဆင်ရန်ထိုးထွင်းထွက်လာပီ၊ ကျေးငှက်သာရကာကလေးများသည်မာဂတဘာသာဖြင့် သာယာချိုအေးသောအသံလေးများနှင့်တေးသီချင်းများသီကြူးနေကြပီဖြစ်သည်။တိမ်ယံ ကိုနေမင်းကြီးဖြိုခွဲထွက်လာသလိုပိုင်ရဲ့ အိပ်စက်ချင်းကို နိုးထရန် နှိုးစက်သံက ဖြိုခွင်းလာသည်။ နေရောင်နုနုလေးသည် လိုက်ကာမှတဆင့် ပိုင်၏မျက်နှာပြင်ပေါ်သို့ဖြာကျလာလေပီဖြစ်သည်။ ပိုင်သည် မျက်မှောင်တစ်ချက်ကုတ်ကာ မျက်နှာပေါ်ကျရောက်နေသော နေရောင်နုနုလေးအား ရှောင်လွဲစေချင်သောငှါ မျက်နှာအားတစ်ဖက်သို့လွဲလိုက်လေသည်။မျက်လုံးမှိတ်လျှက်ပင် တတီတီအော်မြည်နေသော နှိုးစက်အားလက်တစ်ဖက်ဖြင့် လှမ်းပိတ်လိုက်လေသည်။ထို့နောက် ခါးတွင်ရှိသောစောင်အားဆွဲယူလိုက်ကာ တစ်ကိုယ်လုံး လုံအောင်ခြုံပီးနောက်တွင်တဖန်ပြန်လည်အိပ်စက်လိုက်လေးသည်။
*******************************************.
တီ တီ တီ
"အိမ်ရှေ့ ဘယ်ကားကလာပီးစောစောစီးစီး တတီတီ လုပ်နေတာတုန်းကွာပြန်အိပ်မယ်ဆိုမှ "
ပိုင်သည် မျက်လုံးမှိတ်လျှက်ပင်ပြောလိုက်ပီး စောင်အားပိုမိုလုံခြုံ အောင်ဆွဲခြုံ လိုက်လေသည်။
အိမ်ရှေ့တွင်ရပ်ကာ တတီတီ မြည်အောင်ဟွန်းတီးနေသောကားဖြူ လေးကြောင့် ခြံစောင့် အဘက ပန်းပင်လေးများအားပေါင်းသင်နေရာမှထကာအလျှင်အမြန် ဖွင့်ရန်သွားလိုက်လေသည်။ဘုရားအား ပန်းကပ်နေသော မြလေးသွင် ပင်လျှင် ကားသံကြောင့် ဘုရားခန်းမှထွက်ကာ အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။ခြံစောင့်အဘက တံခါးဖွင့်ပေးလိုက်ချိန်တွင် ကားဖြူ လေးသည် ခြံထဲသို့မောင်းဝင်လာကာ ဒေါ်မြလေးသွင် ရပ်စောင့်နေသောရှေ့သို့ထိုးရပ်လာခဲ့သည်။ ထို့နောက် ဒါရိုက်ဘာ ခုံဘက်ရှိတံခါးသည်ပွင့်လာကာ ညဝတ်အင်္ကျီနှင့် ကတ္တီပါ ကွင်းထိုးဖိနပ်အပါးလေးစီးထားသောမိန်းကလေးတစ်ယောက်သည်ကားပေါ်မှ ဆင်းလာလေသည်။ ဘေးဘက်ရှိခုံတွင်သေသပ်စွာဝတ်ဆင်ထားသော ယောကျာ်းလေးတစ်ယောက်သည် ထိုင်လျှက်ရှိလေသည်။
DU LIEST GERADE
(Lovely My Little World)(Z+U)(S1)
Aktuelle Literatur🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည်။ 🔺အပိုင်း(၁) မှ အပိုင်း(၄၀) 🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည...