Zawgyi
"ဒီ ကိစ္စ ဘယ်လိုရှေ့ဆက်မှာလဲ"
ဧည့်ခန်းထဲရှိဆိုဖာတွင်ခြေချိတ်ကာထိုင်နေသောနန်းနွယ်မှ တိတ်ဆိတ်မှုကိုထိုးဖောက်ကာစတင်ပြောလာလေသည်။
"ပိုင် ပိုင် မသိဘူး"
ပိုင်သည် နန်းနွယ်နဲ့ မျက်စောင်းထိုးရှိခုံတွင်ခေါင်းကိုငုံကာထိုင်နေရင်းပဲပြောလေသည်။
"သဘက်ခါဆေးပြန်ပြရမယ်မလား"
"ဟုတ် ဟုတ်ကဲ့"
နောက်သို့ခပ်လျော့လျာမှီကာထိုင်နေသောနန်းနွယ်မှ ရှေ့သို့အနည်းငယ်မတ်လာ ကာ
"အယ့်ကလေးကိုဖျက်ချလိုက် "
"ဗျာ.."
ပိုင်သည်အံသြသွားကာခေါင်းငုံနေရာမှ
နန်းနွယ်အားမော့ကြည့်လာလေသည်။"ပိုင် ပိုင် မလုပ်နိုင်ဘူး"
"မင်းမလုပ်ရင်ခုဘယ်လိုရှေ့ဆက်မှာလဲ။ဒီကိစ္စကဖုံးဖိထားလို့ရတဲ့ကိစ္စမှမဟုတ်တာ ။မိန်းမတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်တယ်ကလေးမွေးတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့် မင်းက ယောကျာ်း လေး။ ကလေးမွေးတာလွယ်တယ်လို့ထင်နေတာလား။ ဒါကြောင့် အချိန်မလွန်ခင် သားမာန်လည်းပြန်မလာခင် အပီးလုပ်လိုက် ရော့ ပိုက်ဆံ"
နန်းနွယ် သည်ဘေးရှိတစ်သောင်းတန်များအထပ်လိုက်စီးထားသော ပိုက်ဆံအုပ်အားပိုင်ရှေ့သို့ ပစ်ချပေးလိုက်လေသည်။
"......."
"နက်ဖြန်သွားလုပ်လိုက် မင်းအဲ့ဆေးငှါနကိုသွားရုံပဲ သူတို့လုပ်ပေးလိမ့်မယ် ငွေလိုရင် ထပ်ပြော "
"ပိုင်မလုပ်နိုင်ဘူး ဒီကလေးကိုရအောင်မွေးမှာ ပိုင်အသက်ပင် ပေးရပေးရ"
ပိုင်၏လေသံသည်အနည်းငယ်မာကြောသွားလေသည်။နန်းနွယ်သည်ပိုင်၏ လေသံကြောင့်အံသြ သွားကာ
"အိုကေ လေ ဒါဆိုလည်းမင်းသဘောပဲ။ တစ်ခုမင်းတွေးထားရမှာက သားမာန်ကဒီကလေးကိုလက်ခံပေးမယ်တဲ့လား။ မင်းကိုတောင်သူဒီလောက်မုန်းနေတာ မင်းအပေါ်တောင်သူဒီလိုဆက်ဆံနေတာ သူမလိုချင်နဲ့လူနဲ့လက်ထပ်ထားပီးအယ့်လူက ယောကျာ်း လေး။ အယ့် ယောက်ျားက. ကိုယ်ဝန်ဆောင်ပီးကလေးမွေးမှာ ။ သားမာန်ကလက်ခံမယ်ကြည်ဖြူမယ်လို့မင်းတွေးနေတာလား။သူ့ပတ်ဝန်းကျင်မှာ သူအရှက်ကွဲမဲ့ဖြစ်ရပ်မျိုးသူထပ်လက်ခံမယ်တဲ့လား"
VOCÊ ESTÁ LENDO
(Lovely My Little World)(Z+U)(S1)
Ficção Geral🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည်။ 🔺အပိုင်း(၁) မှ အပိုင်း(၄၀) 🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည...