Zawgyi
ဒေါက် ဒေါက် ဒေါက်
အချိန်အားဖြင့် နံနက်၈နာရီရှိပီဖြစ်သောကြောင့်မြတ်နိုးသည် ပိုင့်အခန်းရှေ့လာကာပိုင့်အခန်းတံခါးအားခေါက်လေသည်။ အရင်ရက်များတွင်စောစောထတတ်သော ပိုင်သည် ဒီနေ့တွင်နောက်ကျနေခဲ့လေသည်။ ပုံမှန်ဆိုလျှင် မြတ်နိုးသည်ပိုင့်အား အနှောက်အယှက်ပေးမည်မဟုတ်သော်လည်းဒီမနက် ၁၀ နာရီ flight ဖြင့် ဘန်ကောက်ပြန်ရန်ဖြစ်သည်။ ရန်ကုန်မြို့၏ ကားလမ်းအခြေအနေဖြင့် ၉နာရီမထိုးခင်လေဆိပ် ဆင်းမှဖြစ်ပေမည်။ မြတ်နိုးသည်လိုအပ်သည်များပြင်ဆင်ပီးချိန်တွင်ပိုင့်အားလာနှိုးခြင်းဖြစ်သည်။
ဒေါက် ဒေါက် ဒေါက်
အထဲမှ တန့်ပြန်သံမကြားရသောကြောင့်တံခါးအားထပ်မံခေါက်လိုက်လေသည်။
"သူရ သူရ ထတော့"
မြတ်နိုးသည်ထပ်မံခေါ်သော်လည်း ပိုင့်ထံမှာ အသံမကြားရသောကြောင့်စိုးရိမ်လာကာတံခါးအားလှည့်ဖွင့်လိုက်လေသည်။ပိုင်သည်တံခါးအားချက်မချထားသောကြောင့် တံခါးသည်အလွယ်တကူပွင့်သွားလေသည်။ မြတ်နိုး ဝင်လာချိန်တွင်ပိုင်သည်အေးချမ်းစွာအိပ်ပျော်နေသည့် အခါမှ စိတ်အေးရလေသည်။ မြတ်နိုး သည်ပိုင့်ဘေးအားအသာသွားကာနိုးရန်ပြင်လိုက်သော်လည်း ပိုင်ဘေးတွင် ဖွင့်လျှက်သားစာအုပ်အားတွေ့သောကြောင့်သိမ်းပေးရန်ယူလိုက်ချိန်တွင်မထင်မှတ်ပဲပထမဆုံးစာမျက်နှာရှိပိုင့်လက်ရေးဖြင့်ရေးထားသောစာကြောင်းလေးအားဖတ်မိလိုက်လေသည်။
"မာန့်ထံမှ ပထမဆုံးရသောစာအုပ်လေး"
မြတ်နိုး သည်တစ်ချက်ပြုံးလိုက်၍စာအုပ်လေးအားအသာပိတ်ကာ ဘေးရှိစားပွဲပေါ်တွင်တင်ပေးလိုက်လေသည်။ ထို့နောက် ပိုင့်ကိုနှိုးရန်ပြင်လိုက်ချိန်တွင်ပိုင်သည်အင်္ကျီတစ်စုံအား ကျစ်ကျစ်ပါအောင် ဖက်ထားသောကြောင့် မြတ်နိုး သည်မျက်မှောင်ကျုံ့၍ကြည့်လိုက်လေသည်။သူရကဘာလို့ဒီအင်္ကျီကိုဒီလောက်ဖြစ်နေတာလဲ။အန်တီမြလေးဝယ်ပေးခဲ့လို့များလား။ မြတ်နိုးသည် ခေါင်းခါလိုက်ကာ အတွေးအားဖျောက်ဖျက်လိုက်ပီးနောက် ပိုင်၏လက်မောင်းအားငြင်သာစွာလှုပ်နှိုးလိုက်လေတော့သည်။
YOU ARE READING
(Lovely My Little World)(Z+U)(S1)
General Fiction🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည်။ 🔺အပိုင်း(၁) မှ အပိုင်း(၄၀) 🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည...