P(3) (Z+U)

65.8K 5.1K 73
                                    

Zawgyi

ှုအခန်းတံခါးဖွင့်​ကာမာန်ရှိရာ အခန်းထဲသို့ဝင်​လာချိန်​တွင်​မာန်​သည်​ အင်္ကျီပင်မလဲရ​သေး​ပေ။ မှန်​​တံခါးမှတဆင့်​ အပြင်​ဘက်​သို့လက်​ပိုက်​၍သာကြည့်​​နေ​လေသည်​။ ပိုင်​သည်​အခန်းထဲသို့ဝင်​လာကာတံခါးအား​လော့ချခဲ့လိုက်​လေသည်​။သားသည်​ရံဖန်​ရံခါပိုင်​တို့အိပ်​ခန်းထဲသို့ဝင်​လာတတ်​​သော​ကြောင့် မကြာခင်​တွင်​​ရောက်​ရှိလာ​တော့မည့်​အ​ခြေအ​နေတစ်​ခုကိုပင် မ​တော်​တဆ သားဝင်​လာသည်​နှင့်​ပင်​တိုးမှာစိုးသည်​။ သားအားမမြင်​​စေချင်​သလို၊ကြားလည်းမကြား​စေချင်​။အခန်းတံခါး​လော့ချပီးသည့်​​နောက်​တွင်​ မာန်​သည်​လက်​ပိုက်​ရင်းပင်​ပိုင်အားလှည့်
ကြည့်​လာသည်​။

"ကဲ​ပြောပါအုံး မင်းလုပ်​ရပ်​​တွေ ။ငါက ညှာတာ​နေလို့မင်းက ကမ်းတက်​​နေတာလား"

"မဟုတ်​..မဟုတ်​ဘူးမာန်​..ပိုင်​ရှင်းပြ...."

"​တော်​​တော့ မင်းရှင်းပြတာလည်းငါနား​ထောင်​ဖို့စိတ်​မဝင်​စားဘူး"

မာန်​သည်​ မှီထား​သောမှန်​တံခါးမှတဆင့်​​ရှေ့သို​လျှောက်​လာ​လေသည်​။

"ပိုင်​ ..ပိုင်​က.."

"မင်းကိုငါ ဒီခြံထဲက အပြင်​ကိုထွက်​ခွင့်​​ပေးလို့လားဟမ်​။ မင်းက ငါ့ကိုအာခံချင်နေတာလားအယ့်အကျိုးဆက်ကိုမင်းကမေ့နေလို့သတိပြန်ပေးရအုံးမှာလား"

" ပိုင်​ သား..သားကို ​ကျောင်းသွားကြိုတာပါ"

ဖြောင်း...

လည်​ထွက်​သွား​သောမျက်​နှာနဲ့အတူပါးပြင်​တစ်​ခြမ်းသည်​နာကျင်​သွားကာပူထူလာ​လေသည်​။

"မင်းကငါမသိပါဘူးဆိုပီးလုပ်​ချင်​ရာလုပ်​​နေတာလားဟမ်​။ မင်းဘာ​စောက်​ချိုးချိုးတာလဲ "

"........"

"​အော်​ ဒါနဲ့ရှင်းပါအုံး ။မင်းရဲ့သား လ​ရောင်​ပိုင်​ ရဲ့အုပ်​ထိန်းသူ ​နေရာမှာ ငါ့နာမည်​ပါထည့်​ခဲ့တဲ့ကိစ္စ​လေး။ ဘာလဲ ငါ့နာမည်​နဲ့ မင်းရဲ့သားကို ​ကျောင်းမှာမျက်​နှာပွင့်​​စေချင်​တယ်​​ပေါ့ ဟုတ်​လားဟမ်​"

 (Lovely My Little World)(Z+U)(S1)Where stories live. Discover now