Zawgyi
ကြီးမားခမ်းနားလှသောအိမ်ကြီးသည် ခြံအကျယ်ကြီးအလယ်တွင် ထီးထီးမားမားရပ်တည်လျှက်ရှိသည်။ Model မြင့် နောက်ဆုံးပေါ်ကားများသည်ထိုအိမ်ကြီး၏ဘေးပါကင်တွင်ရပ်ထားလေသည်။လွန်ခဲ့သောလပိုင်းကပင် ထိုအိမ်ကြီးသည် ဆူညံမှုများဖြင့် အသက်ဝင်လျှက်ရှိနေသော်ယခုအခါတွင်ထိုအိမ်ကြီးထဲတွင် လူ၎ ယောက်ဖြင့်သာတိတ်ဆိတ်နေလေသည် ။ဒီနေ့သည်တနင်္ဂနွေနေ့ဖြစ်သောကြောင့်မာန်သည်ရုံးမှစောစောပြန်ရောက်နေခြင်းဖြစ်သည်။
နန်းနွယ်သည်အိမ်ရှေ့ခန်းတွင်ထိုင်ကာ TV ကြည့်နေလေသည်။မာန်သည် ထိုအခန်းထဲရှိ ဆိုဖာတွင်ထိုင်ကာ Laptop တစ်လုံးဖြင့် စာရင်းများလုပ်နေလေသည်။သို့သော်ပိုင်သည်ကြီးကြီးနှင့်အတူမီးဖိုခန်းထဲတွင် အန်တီနန်းနွယ်အတွက်နွားနို့နှင့် မာန်အတွက်အသီးဖျော်ရည်တစ်ခုအားကူလုပ်ပေးနေလေသည်။ ပိုင်သည် မာန်အတွက် အသီးဖျော်ရည်အားဖျော်ပေးပီးချိန်တွင်ကြီးကြီးသည် နွားနို့အားပြင်ဆင်ပေးပီးပီဖြစ်သောကြောင့်ပိုင်သည် နွားနို့နှင့် ဖျော်ရည်အားဗန်းထဲသို့ထည့်ကာ အိမ်ရှေ့ခန်းသို့ထွက်လာခဲ့လေသည်။
ပိုင်သည် ဗန်းအားမ လာကာမာန်တို့ရှိရာအခန်းသို့ဝင်လာခဲ့ပီးနောက် အန်တီ နန်းနွယ်အားနွားနို့ဖန်ခွက်အားချပေးကာ မာန်ရှေ့တွင်လည်း ဖျော်ရည် ဖန်ခွက်အားချပေးပီးနောက်ကြီးကြီးရှိရာသို့သာပြန်လာခဲ့လေသည်။ မာန်တို့နှင့်နေခြင်းထက်ကြီးကြီးနှင့်နေ ခြင်းကပိုစိတ်သက်သာရာရစေသည်။ပိုင်သည်ကြီးကြီးရှိရာမီးဖိုခန်းထဲသို့ဝင်လာပီးနောက် ရေခဲသေတ္တာထဲမှ ရေအားထုတ်သောက်လိုက်လေသည်။ ထို့နောက်ကြီးကြီးဘေးသွားကာ
"ကြီးကြီးသားဘာကူလုပ်ပေးရအုံးမလဲ "
ကြီးကြီးသည်ပိုင်ဘက်လှည့်ကာစကားပြောမည်အပြုတွင်..
"ပိုင် ဒီကိုလာအုံး"
အိမ်ရှေ့ခန်းရှိမာန်၏အသံသည်ထွက်ပေါ်လာခဲ့သည်။ကြီးကြီးကိုကြည့်လိုက်ချိန်တွင်ကြီးကြီးကသွားလိုက် သွားလိုက် ဟူသောအမူအရာအားလုပ်ပြလေသည်။ ပိုင်သည်ကြီးကြီးအားခေါင်းငြိမ့်ပြကာ မီးဖိုခန်းထဲမှ နောက်တစ်ကြိမ် မာန်ရှိရာအခန်းသို့လာခဲ့လိုက်လေသည်။ပိုင်သည်မာန်ရှေ့အရောက်တွင်
KAMU SEDANG MEMBACA
(Lovely My Little World)(Z+U)(S1)
Fiksi Umum🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည်။ 🔺အပိုင်း(၁) မှ အပိုင်း(၄၀) 🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည...