P(24) (Z+U)

41.9K 3.1K 75
                                    

Zawgyi

"မေမေ ဒေါက်တာ တေဇဟန် ဆီဖုန်းဆက်ပေးပါ"

"အော် အေးအေး "

ဒေါက်တာတေဇဟန် သည် မာန်တို့၏မိသားစုဆရာဝန် ပင် ဖြစ်သည်။နန်းနွယ်သည်ဖုန်းဆက်ရန်အပြင်ထွက်သွားကာတံခါးအားပြန်ပိတ်ခဲ့​လေသည်။ ပိုင်သည် ကုတင်ပေါ်တွင်ငြိမ်သက်စွာရှိ​နေလေသည်။ မာန်သည်ပင် ပိုင်အား တိတ်ဆိတ်စွာကြည့်​နေကာပိုင်၏နှဖူးထက်၌ဝဲကျ​နေ​သောပိုင်၏ဆံပင်​လေးများအား ဖြေးညှင်းစွာသပ်တင်ပေးလိုက်လေသည်။ပိုင်၏အသားအ​ရေသည်အရင်ကနှင့်မတူ​တော့​ပေ။ခုရက်ပိုင်း ပို၍ ဖြူဖျော့နေလေသည်။ အရင်ကနီနီရဲရဲနှုတ်ခမ်းလေးသည် ပို၍ဖြူ ဖျော့ကာ ပါးလွှာနေလေသည်။ အနက်ရောင်ထက်ရွှေ​ရောင်​ဖျော့ဖျာ့ဘက် သမ်းနေသောဆံပင်ပျော့ပျော့လေးများသည်ပင်ရှည်နေလေပီ။

"တောင်းပန်ပါတယ် ပိုင် ။ ကိုယ်တကယ်​တောင်းပန်ပါတယ်။ ကိုယ်ပိုင့်အပေါ်မှာရက်စက်ခဲ့တယ် ။မတရားခဲ့မှန်းသိပါတယ်။ ပိုင်အပေါ်ရက်စက်မိတိုင်း ကိုယ်ရင်ကွဲမတတ်ခံစားရတယ်ပိုင်။ ဒါတွေကို ကိုယ်ထုတ်မပြချင်ခဲ့သလို၊ ထုတ်လည်းမပြောချင်ခဲ့ဘူးပိုင်။ ကိုယ်​ တကယ်တောင်းပန်ပါတယ် ။ကိုယ်ပြန်လာတဲ့အချိန်ကျရင် ကိုယ်တကယ် ဒါတွေအားလုံးအတွက်ပြန်အလျော်ပေးမှာပါ ကိုယ်ပြန်ဂရုစိုက်ပေးပါ့မယ်"
မာန်သည်ဝဲတက်လာသောမျက်ရည်များနှင့်အတူပိုင်၏လက်လေးအားဖြေးညှင်းစွာဆုတ်ကိုင်လိုက်လေသည်။ ထို့နောက်မာန်၏ ခန္ဓာကိုယ် သည်အနည်းငယ် ငုံကိုင်းကာ ပိုင်၏နှဖူးပေါ်သို့အနမ်းတစ်ပွင့် ချွေချပေးခဲ့လေသည်။

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့်မာန်သည် ခန္ဓာကိုယ် အားပြန်မတ်လိုက်ကာအနေအထားပြန်ပြင်လိုက်လေသည်။ထို့နောက်နန်းနွယ်သည် တံခါးဖွင့်ကာဝင်လာလေသည်။

"သားမာန် ဒေါက်တာက ခုလာနေပီတဲ့ ။ သား
Flight အချိန်တော်တော်ကပ်နေပီ။ ပီးရင်​ဒေါက်တာလည်း​ရောက်​တော့မှာ။သူရပိုင်ကိုကြည့်​ပေးဖို့ မေမေရော ကြီးကြီးလည်းရှိတယ် ။ "

ထို့နောက်ကြီးကြီးပါအခန်းထဲဝင်လာကာ ပိုင်ဘေးအား လာထိုင်လေသည်။

 (Lovely My Little World)(Z+U)(S1)Donde viven las historias. Descúbrelo ahora