P(5)(Z+U)

54.6K 4.5K 224
                                    

Zawgyi

မာန်သည် ပုလဲဒယ်ဒီနှင့်အတူလျှောက်ကာ ရတနာကုန်သည်များအားလိုက်လံနှုတ်ဆက်လိုက်သည်။ Dinner ပွဲပီးချိန်တွင် ညပင်အတော်နက်နေပီဖြစ်သော်လည်း ပုလဲ၏ဒယ်ဒီရဲ့ တောင်းဆိုမှုကြောင့် Dinner ပွဲပီးသည့်တိုင် ပုလဲဒယ်ဒီနှင့် လုပ်ငန်းရှင်များ သောက်သောဝိုင်း၌ထိုင်​ပေးခဲ့ရသည်။ ပုလဲ သည်ခမ်းလှမ်းလှမ်းမှ​လျှောက်လာပီး မာန်ဘေးအားဝင်ထိုင်လိုက်ကာမာန်၏ဝိုင်ဖန်ခွက်ထဲသို့ ဝိုင်အားထည့်ပေးနေသည်။ထို့​နောက် ရှေ့တွင်ချထားသော ပန်းကန်ထဲမှ ပန်းသီးစိပ်အားယူကာ မာန်အားခွန့်ကျွေးလိုက်သည်။

"ဦးတို့လို လူကြီးတွေဝိုင်းထိုင်နေရတော့စိတ်အနှောက်အယှက်များဖြစ်နေလား သားလွှမ်းမာန်ထည်ဝါ "

မာန်သည် ပုလဲဒယ်ဒီအားပြုံးပြလိုက်ကာ

"ရပါတယ် အန်ကယ် ။ ကျွန်တော်အဆင်ပြေပါတယ်"

မာန်သည်နာရီကိုကြည့်လိုက်သည့်အခါအချိန်ပင်အတော်နောက်ကျနေခဲ့ပီဖြစ်သည်။သိပ်မကြာမီပင် ပုလဲမာမီသည် ဝိုင်ပုလင်းအနည်းငယ်ယူ၍ဝိုင်း၌လာထိုင်ကာ ပုလဲရှေ့သို့ချပေးလိုက်သည်။ ပုလဲကဝိုင်ပုလင်းကိုယူကာမာန်အားငှဲ့ပေးလိုက်သည်။မာန်သည် ဖန်ခွက်ကိုယူကာမော့ချလိုက်ပီးသည့်နောက်တွင်ပုလဲ နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာခဲ့သည်။ မာန်သည် ပုလဲငှဲ့
ပေးသော ဝိုင်ကိုသောက်နေရင်းပင် အနည်းငယ်မူးဝေလာခဲ့သည်။ ထို့ကြောင့်ပြန်ရန်ဆုံးဖြတ်ကာ ဝိုင်းတွင်ရှိသော လူကြီးများအားနှုတ်ဆက်ကာထလိုက်ချိန်တွင် မာန်သည် ယိမ်းယိုင်သွား​သော​ကြောင့် ပုလဲက လှမ်းထိန်းပေးခဲ့သည်။

"သားမာန် မင်းမူးနေပီထင်တယ် ။အိမ်ပြန်လို့ဖြစ်ပါ့မလား ။ အန်တီတို့Hotel မှာပဲဒီညအိပ်သွားလိုက်ပါကွယ် အန်တီစီစဉ်ပေးပါ့မယ်"

"ရပါတယ်အန်တီ ကျွန်တော်ပြန်လို့အဆင်ပြေပါတယ်"

"မဟုတ်တာ အန်တီက အားနာရမယ့်လူမှမဟုတ်တာ။ နန်းနွယ်နဲ့အန်တီကို အနေခက်အောင်မလုပ်ပါနဲ့ကွယ်"

မာန်၏ခေါင်းသည်အဆမတန်ထိုးကိုက်လာခဲ့သည်။

"အန်တီကို အားနာစရာတွေဖြစ်တော့မှာပဲ"

 (Lovely My Little World)(Z+U)(S1)Onde histórias criam vida. Descubra agora