P(27)(Z+U)

39.4K 3.2K 64
                                    

Zawgyi

ပိုင် အိမ်မှထွက်လာခဲ့သော်လည်းဘယ်ဆီဘယ်ကိုသွားရမယ်မှန်းမသိ​ပေ။ပိုင်တွင်သွားစရာဟူ၍မရှိခဲ့​။ဆွေမျိုးဟူ၍မိဘ သာရှိခဲ့သောပိုင့်အတွက်ယခုအချိန်တွင် ပိုင်သည်တစ်ကောင်ကြွက်တစ်မျက်နှာဖြစ်နေလေသည်။သွားစရာနေရာမရှိနေဖို့နေစရာမရှိ ။မိဘနဲ့နေ့ခဲ့စဉ်ကလည်းပိုင်သည် အိမ်ထဲမှ အိမ်ပြင်တောင် ထွက်လေ့မရှိသောကြောင့်ယခု ချိန်တွင်ပိုင်သွားတတ်သောနေရာသည် စာအုပ်ဆိုင်လေးနှင့် မာန်နှင့်လက်မထပ်ခင်က လစဉ်လှူဒါန်းခဲ့သော မိဘမဲ့ဂေဟာလေးပင်ရှိသည်။သို့သော်ထိုဂေဟာသွားဖို့ရန် Taxi ကားခမဆိုထားနှင့်လိုင်းကားစီးရန်ပင်ပိုင်တွင်ပိုက်ဆံမပါခဲ့ပေ။

ပိုင်သည်ခြေဦးတည့်ရာလျှောက်သွားနေရင်းပင်နေပင်တော်တော်မြင့်လာခဲ့လေပီ။ မနက်ထဲက မစားလာခဲ့ရသော ဗိုက်သည်ဆန္ဒပြလာပီဖြစ်သော်လည်း ပိုင်၏လွယ်အိတ်ထဲ၌ထည့်လာသော အင်္ကျီနှစ်စုံနှင့် ဖေဖေဝယ်ပေးခဲ့သောနာရီလေးတစ်လုံးသာပါခဲ့လေသည်။ အချိန်တစ်ခါကြာအောင်ရေမသောက်ခဲ့ရသဖြင့် ရေသောက်ရန်ပင်လိုအပ်နေလေသည်။ ရေနှစ်သောသူကိုဝါးကူထိုးချသကဲ့သို့ ရန်ကုန်မြို့ ၏​နေ့လယ် ၁ နာရီနေသည်
ပိုင်အား ရင်ဆိုင်နေရသော အခက်အခဲအားပို၍ တွန်းအားပေးနေလေသည်။

ပိုင်သည် အနည်းငယ်အောင့်တက်လာသောဗိုက်အားဖိထားကာ လမ်းဘေးတစ်နေရာရှိပလက်ဖောင်းတွင်ထိုင်ချလိုက်လေသည်။ ဟင့်အင်းပိုင်တစ်ခုခုစားမှဖြစ်တော့မယ်။ ပိုင်အတွက်မဟုတ် ရင်​တောင်ဗိုက်ထဲရှိကလေးငယ်လေးအတွက်ပိုင်တစ်ခုခုစားမှဖြစ်ပေမည်။သို့သော်ပိုင်လက်ထဲတွင် ရေဝယ်သောက်ရန်ပင် ပိုက်ဆံမရှိခဲ့ပေ။အောင့်တက်လာသောဗိုက်နဲ့အတူမျက်ရည်စတို့သည်ကျဆင်းလာလေသည်။ ဖေဖေ ၊မေမေ သားကိုကြည့်ပါအုံး။သားဒီပုံစံနဲ့သားဘယ်လိုရှေ့ဆက်ရမလဲ ဖေဖေ မေမေ။ သားဘယ်လိုဆက်လုပ်ရမလဲ....။ တတိတိနှင့်အောင့်နေသောဗိုက်သည်ပို၍ ပင်ထိုးတက်လာခဲ့သည်နှင့်ပိုင်၏နှဖူးပြင်တွင်ချွေးများပင်စို့နေလေသည်။

ပိုင်သည် လက်တစ်ဖက်ဖြင့် နှဖူးပေါ်ရှိ ချွေးစက်များအားသုတ်လိုက်ချိန်တွင် ပိုင်ရှေ့တွင်ရှိသော ဆိုင်တစ်ဆိုင်ကိုလှမ်းမြင်လိုက်လေသည်။ ပိုင်သည်နှစ်ခါတွေဝေမနေတော့ပဲထိုင်နေရာထကာထိုဆိုင်သို့သာဦးတည်လာလိုက်တော့သည်။

 (Lovely My Little World)(Z+U)(S1)Where stories live. Discover now