P(34) (Z+U)

42.1K 3.3K 169
                                    

Zawgyi

"သူရ ဒီနေရာလေး ကိုကြိုက်ရဲ့လား"

ပိုင်သည်အိမ်ရှေ့ရှိကုန်းမြင့်လေးတစ်ခုပေါ်တွင်ရပ်နေရင်းမှ မြတ်နိုးသည် ပိုင့်​ဘေးလာရပ်ကာယူလာသောကော်ဖီခွက်လေးတစ်ခွက်အားပိုင့်ကိုပေးရင်း​မေးလိုက်လေသည်။ပိုင်တို့ မနေက ပြင်ဦးလွင် ရှိငှါးထားသောအိမ်ကိုရောက်​လေသည်။ရောက်စတွင်ခရီးပင်ပန်း​သော​ကြောင့်တစ်​ကြောင်း၊သားကပထမဆုံးခရီး​ဝေးသွားခြင်းဖြစ်​သော​ကြောင့်သားအားဂရုစိုက်​နေရ၍ အိမ်အခြေအနေပတ်ဝန်းကျင်ကိုသေချာမကြည့်မိခဲ့ပေ။ ဒီမနက် သားကအစောကြီးနိုး​နေသောကြောင့် သားအားပြန်ချော့သိပ်ကာ အချိန်အားဖြင့် နံနက်၅နာရီကျော်၆ နာရီနီးပါးရှိနေပီဖြစ်သောကြောင့်ပိုင် ပြန်မအိပ်တော့ပဲ အနွေးထည်တစ်ထည်အားဝတ်ကာ အိမ်ပြင်သို့ထွက်လာခြင်းဖြစ်သည်။ 

ပိုင်တို့ငှါးနေသောနေရာလေးသည် မြို့နဲ့အနည်းငယ်ကွာ​ဝေးကာ ကုန်းမြင့်လေးပေါ်တွင်တည်ရှိ​သော​ကြောင့် အေးချမ်းတိတ်ဆိတ်လှပေသည်။
ပြင်ဦးလွင် မြို့လို့ပြောလိုက်လျှင်လူအများက ပန်းမြို့တော် ဟုတင်စားကြသလို မြို့၏နေရာတိုင်းတွင်တောရိုင်းပန်းလေးမှ အစ လှပစွာပွင့်လမ်းနေကြလေသည်။ပိုင်တို့နေရာသည်မြို့၏အနံအသက်ပင်ကင်းကွာနေသောကြောင့် ပန်းမာန်များသည် နေရာတိုင်းတွင် အစွမ်းကုန် ခေါင်းမော့စွာ ပွင့်လန်းနေကြလေသည်။ပိုင်သည် အရှေ့ရှိ ပန်းပင်ငယ်များခြံရံနေသော ရေကန်ငယ်လေးအာကြည့်နေရင်းမှ မြတ်နိုးအားလှည့်ကြည့်ကာမြတ်နိုးပေးသော ကော်ဖီပန်းကန်လေးအားလှမ်းယူလိုက်လေသည်။

"အင်း ပိုင်ကဒီလိုနေရာ​လေးမှာ​နေချင်တာ စာအုပ်လေးဖတ်ပီးတော့လေ"

မြတ်နိုးသည်  ရှေ့သို့ကြည့်​နေရင်းပင်ပြုံးလိုက်​လေသည်။

"ဒါနဲ့ မြတ်နိုး က ဘယ်နေ့ဒီမှာအလုပ်ဝင်ရမှာလဲ ။ ပိုင်တစ်ခုစဉ်းစားထားတာရှိတယ် ပိုင်အလုပ်လေးတစ်ခုလုပ်မလား လို့ မြတ်နိုး ရှာကျွေးတာစားနေရတာ အားနာနေပီ ။"

"အန်တီမြလေးတို့က မြတ်နိုး ကိုဒီထက်မကကျွေးမွေးစောင့်ရှောက်လာတာပါ။ မြတ်နိုး ရဲ့ရတဲ့ငွေနဲ့ သားမကြီးသေးခင်အထိ သူရကိုရောသားသားကိုရော ကျွေးနိုင်ပါတယ်"

 (Lovely My Little World)(Z+U)(S1)Where stories live. Discover now