Zawgyi
"ဖေဖေ သားကိုပေးသားပန်းကန်တွေသယ်ပေးမယ်"
"ကဲပါ ဖေဖေ့သားလေးက ဟောဒီက ခုံလေးမှာ
ပဲငြိမ်ငြိမ်လေးထိုင်နေပေး ဟုတ်ပီလား ဖေဖေလုပ်ပေးမယ်""ဟုတ်" ဟုဆိုကာသားကခေါင်းငြိမ့်ပြလေသည်။သားပါးဖောင်းဖောင်းလေးအား တစ်ချက်ဖွဖွညှစ်ကာ မာန်ထမင်းစားရန်ထမင်းပွဲများကိုသာဆက်၍ပြင်နေသည်။သားက ပိုင်လုပ်သမျှကိုသာထိုင်၍သာကြည့်နေသည်။မာန်အတွက်ထမင်းပြင်ပေးပီးချိန်တွင် သားအတွက်ပါပြင်ပေးကာ သားအားထမင်းခွံနေချိန်တွင် မာန်သည် ညဝတ်အင်္ကျီကိုဝတ်ဆင်ကာအောက်ဆင်းလာသည်။ မာန်ထမင်းစားပွဲ၌ဝင်ထိုင်ချိန်တွင် သားဘေးမှ ထကာ
မာန်အား ပြင်ဆင်ပေးလိုက်သည်။ ထို့နောက်
သားဘေးသာပြန်လာထိုင်ကာ သားကိုသာထမင်းဆက်ခွံ့နေလိုက်သည်။"မင်းကမစားဘူးလား"
"ပိုင်...ပိုင်သားစားပီးမှပဲစားတော့မယ်"
ဒီနေ့သားကိုထမင်းခွံ့သည့်အချိန်မှာနောက်ကျခဲ့သည်။ထို့ကြောင့်သားကိုသာအရင်ကျွေးကာပိုင်ကပီးမှစားမည်ဖြစ်သည်။ အရင်က မာန်သည် ပိုင်အား သူနဲ့ထမင်းတစ်ဝိုင်းထဲပင်စားခွင့်မပြု ။စားခွင့်ပြု ခဲ့သည်မှာသိပ်မကြာသေးပင်။သားသည်ထမင်းဝါးနေရင်းပင်
"ပါး..ပါး "
မာန်သည်စားနေရင်းမှသားအားမော့ကြည့်လာသည်။ သားသည်တစ်ခုခုအားသတိရသွားဟန်ဖြင့်
"ဖေဖေကို မုန့်ဖိုးပိုပေးပါ့လားဟင်"
ထိုအခါမှ မာန်ရောပိုင်ပါသားအားပြိုင်တူကြည့်လိုက်မိသည်။
"ဘာလို့လဲ"
"ဖေဖေမှာ ပိုက်ဆံမရှိလို့ရေခဲမုန့်တောင် ဖေဖေမစားရဘူး"
"သား.."
ပိုင်အသံကြောင့်မာန်သည်စကားတစ်ခွန်းမှပြန်မပြောသလို သားသည်လည်းဆက်မပြောတော့။သားကိုထမင်းဝအောင်သာဆက်ခွံ့နေလိုက်သည်။ သားကထမင်းဝသွားသည့်အချိန်တွင်ထမင်းစားပွဲမှထသွားတော့သည်။ ထို့နောက်ရေခဲသေတ္တာထဲမှရေယူသောက်ကာ ကြီးကြီးအခန်းထဲသို့သာဝင်သွားတော့သည်။ပိုင်သည်မာန်အားကြည့်လိုက်ချိန်တွင်မာန်ကထမင်းကိုသာဆက်စားနေသောကြောင့်သာစိတ်အေးရသည်။သားထမင်းစားပီးသွားသည့်အချိန်မှ ပိုင်သည်ထမင်းဆက်စားလိုက်သည်။ထို့အချိန်တွင်မာန်သည်စားပီးသွားပီဖြစ်ကာ စားပွဲမှထသွားတော့သည်။ ပိုင်သည်ထမင်းစားပီးနောက် သားပန်းကန်ရောမာန်ပန်းကန်များကိုပါဆေးကြောကာ အပေါ်ထပ်သို့လိုက်လာခဲ့လိုက်သည်။
KAMU SEDANG MEMBACA
(Lovely My Little World)(Z+U)(S1)
Fiksi Umum🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည်။ 🔺အပိုင်း(၁) မှ အပိုင်း(၄၀) 🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည...