မင်းတ​ယောက်​အတွက်​သာ

733 47 3
                                    

Zawgyi ~~~

ငယ်နဲ့ပြန်အဆင်ပြေသွားချိန်မှာ ခုနှစ်ရပ်သားသမီးမျက်စိနောက်အောင်တပူးပူးတတွဲတွဲနဲ့ အီကြာကွေးလိုပူးကပ်နေခဲ့သည်မှာ ကျွန်တော်အမောင် Saint ပါ... ကားတယောက်တစီးနဲ့ကျောင်းသွားနေကြပေမယ့်.. အိမ်မှာဖြစ်ဖြစ် ကျောင်းမှာဖြစ်ဖြစ် Saint​ပျောက်နေရင်.. Perth ကိုသာသွားရှာလိုက်ပါ... Dali ကိုလည်းအလုပ်မအားလို့..  အိမ်ကခိုင်းလို့... အကြောင်းမျိုးစုံပြကာ.. အပို့အကြိုလည်းမလုပ်ဖြစ်တော့ပေ...
ငယ်ရဲ့အရင်လိုအပြုအမှုလေးတွေပြန်မြင်ရသည်... ခဏလေးလူခြင်းခွဲတာနဲ့ ဖုန်းဆက်တာ..  စာတွေပို့တတ်တာမျိုးဟာ.. ကျွန်တော့်အပေါ်ငယ်တယောက်ထဲလုပ်တဲ့အပြုအမူတွေ... ကျောင်းမှာ Dali နဲ့တွဲနေတာကို ငယ်က နားလည်ပေးသည်... အများအမြင်မှာ ကျွန်တော်နဲ့ Dali က ချစ်သူတွေဖြစ်ပြီး.. ငယ်ကတော့ ကျွန်တော်အချစ်ရဆုံးသူငယ်ချင်းတယောက်... ဒါတွေကိုငယ်ကဘာမှမပြောပေမယ့်.. ကျွန်တော်ငယ့်ကိုအားနာသည်... Dali နဲ့ရှိနေတဲ့အချိန်.. ငယ့်ကိုလှမ်းကြည့်လို့ မျက်ဝန်းတွေစုံရင်.. အဆင်ပြေပါတယ်ဆိုတဲ့ပုံလေးနဲ့ ငယ်ကပြုံးပြလေ.. ကျွန်တော်အမှားကြီးတခုကိုကျူးလွန်နေသလိုခံစားရလေပါ... နောက်တခုက.....
P'Mark..  ၂ ရက်တခါ ၃ ရက်တခါ.. ကျောင်းကိုလာတတ်ခြင်းပင်... သူလာတိုင်းမှာ ငယ်ကြိုက်တတ်တဲ့အစားအစာ ဒါမှမဟုတ်.. ငယ်အသုံးဝင်မယ့်ပစ္စည်းတမျိုးမျိုးယူလာတတ်သည်....ပြီးတော့အမြဲအတွေးတွေထဲမှာမှောင်မည်းနေတတ်သော ကမ္ဘာကျော် Fujoshi မ Bow.. တယောက်.. P'Mark လာတိုင်းငယ်နဲ့တွဲတွဲစနေတာကိုမကြိုက်... အဲ့လိုမျိုးကျ.. ငယ်ကဘာမှမပြောပဲတဟားဟားအော်ရီနေတတ်သည်... ထိုနေ့မျိုးဆို ငယ့်ကိုကျွန်တော်ပြဿနာမရှိပြဿနာရှာ ရန်လုပ်မြဲ... ငယ်ကလည်းကျွန်တော်ကိုဆိုအလျော့ပေးမြဲ.. ဒီနေ့လည်း P'Mark လာသွားသည်မို့.. ကျွန်တော်မကျေနပ်ချက်တွေနဲ့..ငယ့်ကိုပြဿနာရှာဖို့ ကျောင်းဆင်းအိမ်ပြန်ရောက်ကတည်းကစောင့်နေတာ...ည ၇ နာရီထိုးမှ.. ငယ့်ကားအနက်ရောင်လေးဝင်လာတာတွေ့ရသည်... ညနေကျောင်းဆင်းကတည်းက ဖုန်းခေါ်ဖို့နေနေသာသာ.. ကျွန်တော်ခေါ်တဲ့ဖုန်းတောင်မကိုင်ဘူးလေ... ခြေလှမ်းကျဲကြီးတွေလျှောက်လာမိတာ.. ငယ်တို့အိမ်ကိုဘယ်လိုရောက်လာမှန်းတောင်သတိမရ...
ဧည့်ခန်းမှာ Mommy ရှိနေ၍ဒေါသကိုထိန်းကာ...

❤️❤️ FRIEND ZONE 🖤🖤Where stories live. Discover now