Perth Tanapon

499 46 11
                                    





Zawgyi~~~~

            အစည်းအဝေးလုပ်နေတာ ၂ နာရီကျော်ကြာနေပြီဖြစ်ပြီး.. ဘာသတင်းမှရောက်မလားသေး၍.. Saint တယောက်ထိုင်မရ ထမရဖြစ်နေ၏...
ငယ်က Saint မပါပဲ meeting လုပ်ချင်တယ်လို့ပြောတော့ ဘာအကြောင်းလည်းမေးမရ ... ငယ်ဘာတွေလုပ်ဦးမှာလည်း...


"Saint...."

ခေါ်သံနဲ့အတူဝင်လာသူက Daliy ...


"ဘာကိစ္စလည်း Daliy ... "


ငယ်က Daliy ကိုပါ အစည်းအဝေးမတက်ခိုင်းတာလား... အံ့သြတဲ့မျက်နှာကိုချက်ခြင်းပြင်လိုက်ပြီးမှ...

"ကိစ္စမရှိရင်လည်းပြန်ပါ Ms.Daliy ကျွန်တော်အလုပ်နည်းနည်းများနေလို့..."

"သူက Saint ကိုပါ အစည်းအဝေးခန်းကဖယ်ထုတ်ထားတာပေါ့... Daliy တယောက်ထဲမဟုတ်ဘူးပဲ.. အဲ့ဒါသိချင်လို့လာတာပါ.. ခွင့်ပြုပါဦး..."

ရုံးခန်းထဲမှာ ဘာကိုမှစိတ်မဝင်စားနိုင်ပဲငူငူကြီးထိုင်နေမိတာ ဘယ်နှစ်နာရီမှန်းတောင်မသိပေ... တံခါးဖွင့်သံနဲ့အတူ တက်တက်ကြွကြွနဲ့ ငယ့်ကိုမြင်နေရတာတောင်မှ... လူက မျက်နှာပေါ် အပြုံးတို့မဖြစ်လာခဲ့...


"အစည်းအဝေးလုပ်ပြီးပြန်လာတာတောင် ကြိုဆိုမယ့်လူမရှိဘူး... အလုပ်လုပ်ရတာပင်ပန်းလိုက်တာ.. P'May ကျွန်တော် အအေးလေးတခွက်လောက်မရဘူးလား..."

"စီစဉ်လိုက်ပါမယ် ...Mr.Perth.."

P'May ထွက်သွားတာနဲ့ အခန်းကပြန်တိတ်ဆိတ်သွားပြန်၏... တိတ်ဆိတ်မှုကို သည်းမခံနိုင်တဲ့ Saint ကပဲစပြီး...


"ငယ်....တခုခုတော့ ကိုယ့်ကိုပြောပြသင့်တယ်မထင်ဘူးလား..."

"ဟူး... ပြောပြချင်တာပေါ့.. ဒါပေမယ့် Saint မှ ငါ့ကို မမေးပဲ..."


".....ငယ်...."

"တော်ပြီ.. စိတ်မဆိုးနဲ့တော့.. ငယ်ပြောပြမယ်... Meeting ကို Saint မပါရခြင်းအကြောင်းအရင်းက မင်းမပါမှဖြစ်မှာမို့လို့ပဲ..."

......

Perth Tanapon Meeting....

အစည်းအဝေးခန်းထဲဆူဆူညံညံအသံများပြည့်လို့နေသည် သူတို့ CEO Mr.Saint Suppapong ရဲ့ meeting မဟုတ်ပဲ.. Mr.Perth ရဲ့ Meeting မို့ ပိုအံ့သြနေကြရသည်...
ပြီးတော့ Meeting အခေါ်ခံရသူတို့မှာ Hotel ရဲ့ရှယ်ယာရှင်များနှင့် အရေးကြီးသော ဝန်ထမ်းအကြီးအကဲများနှင့် လက်ထောက်မန်နေဂျာအဆုံး..လုံခြုံရေးခေါင်းဆောင်အထိပါဝင်လေသည်...

❤️❤️ FRIEND ZONE 🖤🖤Where stories live. Discover now