နှလုံးသားတထောင့်မှာ.....

666 50 8
                                    

Zawgyi ~~~

အဲ့ဒိညကကိစ္စဖြစ်ပြီးနောက်ပိုင်း... ကျွန်တော်ငယ်နဲ့မဆုံဖြစ်တော့ပါ... တကူးတကရှောင်နေစရာမလိုပဲ ငယ်က မျက်စိရှေ့ကိုပေါ်မလာခဲ့... ထိုညကိစ္စပြီး တပတ်လောက်နေမှ.. ငယ်ကျောင်းပြန်တက်သည်... ကျွန်တော်နဲ့အရှေ့အနောက်ထိုင်နေကျခုံကို.. ငယ်က ဟိုးနောက်ဆုံးထောင့်ခုံကကျောင်းသားတယောက်နဲ့လဲထိုင်လိုက်သည်... ဒါလည်းကောင်းပါတယ်... ကျွန်တော်နဲ့စကားပြောစရာမလိုတော့ဘူးပေါ့... အမြဲစာသင်ချိန်နီးမှ.. လာသလို.. ထမင်းစားချိန်တွေမှာလည်း canteen မှာမတွေ့ရ.. ညနေကျောင်းဆင်းတာနဲ့ပျောက်သွားတဲ့ ငယ့်ကြောင့် ဘာပဲဖြစ်ဖြစ်ကျွန်တော် စိတ်သက်သာရနေသည်ကတော့အမှန်.. Dali နဲ့ သွားမြဲလာမြဲအတိုင်း..Bow တို့နဲ့အော်ဟစ်ဆဲဆိုနေကြအတိုင်း.. ကျွန်တော့်ဘဝကြီးက ပုံမှန်အတိုင်းလည်ပတ်နေစမြဲပင်...တခုပဲ... ကျွန်တော့်ဘဝထဲ.. ငယ်မပါလာတော့တာလေးတခုသာ....

....

Plan::: Perth ဒီနေ့ ငါ့မွေးနေ့... ငါတို့ကျောင်းဆင်းရင်.. တနေရာမှာသွားစားကြမလို့... အကုန်ပါမှာ... မင်းပါလိုက်ခဲ့...

Perth:: မလိုက်လို့မရဘူးလားကွာ...

Pond:: လိုက်ခဲ့ပါကွာ.. မင်းကငါတို့ကိုအရမ်းစိမ်းကားနေတာ Perth ရာ..

Perth:: အဲ့ဒိလိုမဟုတ်ပါဘူးကွာ... မင်းတို့လည်းသိရဲ့သားနဲ့.. ငါ Saint နဲ့မျက်နှာချင်းမဆိုင်ချင်ဘူးဆိုတာ...

Mean:: မင်းအဲ့လိုရှောင်နေတာ မဟုတ်သေးပါဘူး မင်းအမှားလည်းမဟုတ်ဘူး..ငါတို့မှာ မင်းတို့နှစ်ယောက်ကြား မသိချင်ယောင်ဆောင်ပေးရတာ ပင်ပန်းလှပြီ.. ဒီလိုကြီးနေလို့တော့မဖြစ်ဘူးလေ.

Bow:: ငါတို့အရင်ကပျော်ပျော်ရွှင်ရွှင်ဘဝလေးပြန်လိုချင်တာလိုက်တာဟယ်.. Saint နဲ့ရယ်နေမိရင် နင့်ကိုအားနာရတာနဲ့ နင်တယောက်ထဲ အဆင်ပြေပါ့မလားတွေးရတာနဲ့.. ဒီညတော့ လိုက်ခဲ့ပါဟာနော်.. နော်လို့ Perth..

Perth:: ok ကွာ လာခဲ့မယ်.. မင်းတို့ဆုံမယ့်နေရာ လိပ်စာသာပို့ပေးလိုက်...

Plan:: ရေးးး... ငါ့မွေးနေ့မှာ ပျော်ရပြီဟေ့... ဟေ့.. ဟေ့.. ဟေ့..

အပျော်လွန်ပြီးကနေသော Plan ကို အကုန်လုံးတဝါးဝါးနှင့် Mean နဲ့.. Pond ကလည်း လက်ခုပ်လက်ဝါးတီးကာ အားပေးနေသည်မို့.. သူတို့ကိုကြည့်ရင်း သွားတန်းတွေပေါ်သည်အထိ ရယ်မိသူက Perth...

❤️❤️ FRIEND ZONE 🖤🖤Donde viven las historias. Descúbrelo ahora