Zawgyi~~"တီ..တီ.."
Saint ဖုန်းတွင်ပေါ်လာသော Daliy ဖုန်းနံပါတ်ကြောင့် အကြည့်တို့က ဖုန်းဆီသို့အားလုံးရောက်ကုန်ကြ၏..
"ပြော ...."
....
"ကောင်းပြီ .. မင်း ကတိတည်ဖို့မျှော်လင့်ပါတယ်..."
"ဘာတဲ့လဲ..."
"ကလေးနဲ့ memory card လဲမယ်တဲ့..."
"ကိုယ်သွားနှင့်မယ်..ငယ်က သက်ဆိုင်ရာကိုခေါ်ပြီးလိုက်ခဲ့..ကိုယ် GPS ဖွင့်ထားမယ်..."
"ဟာ ..မရပါဘူး ငယ်ပါလိုက်မှာ..မင်းကိုဘယ်လိုလုပ်တယောက်ထဲလွှတ်ရမှာလည်း ..ငယ်စိတ်မချဘူးလိုက်မယ်..."
"ငယ်ကလည်းကွာ..ကိုယ်ပြောတာကိုနားထောင်..သူတို့တကယ်တိုက်ခိုက်ချင်နေတာက ကိုယ့်ကို.. သူအဲ့လိုလုပ်တာနဲ့ ငယ်ပါ ပါလာမယ်ဆိုတာတွေးမိလောက်တယ်..သူတို့ကြိုတင်ပြင်ဆင်ထားလောက်တယ်.. ငယ်က သက်ဆိုင်ရာကိုအသိပေးပြီးနောက်ကလိုက်ခဲ့..ကိုယ်သွားနှင့်မယ်..."
အစီစဉ်တွေဆွဲကာ သွားဖို့ပြင်နေတဲ့ယောင်္ကျားအား မလွတ်ပေးလိုက်ချင်..တယောက်နဲ့တယောက် တင်းကျပ်စွာ အချိန်အတော်ကြာဖက်ထားရင်းကနေ.. Saint တယောက် ချက်ခြင်းခွာကာလှည့်မကြည့်ပဲထွက်လာခဲ့၏.. ငယ့်ကိုဒီကိစ္စထဲဝင်မပါစေချင်ပါ.. ငယ့်ကိုထိခိုက်ခံလို့ လုံးဝမဖြစ်ပေ..သူဘာဖြစ်ဖြစ်ရပေမယ့် ငယ်တော့တခုခုဖြစ်သွားဖို့ခွင့်မပြုနိုင်ပေ...
Daliy ချိန်းဆိုတဲ့နေရာဟာ မြို့နဲ့အတော်ဝေးသောနေရာပင်.. အင်းလေ တတ်နိုင်သမျှ လူတွေနဲ့ဝေးအောင်ရှောင်လိမ့်မည်ပေါ့.. ဖုန်း GPS ကိုတောက်လျောက်ဖွင့်ထားကာ အဝေးပြေးလမ်းမပေါ်ကားကိုတရှိန်ထိုးမောင်းနှင်နေမိသည်.. ကိုယ့်အနေနဲ့ ဒီကိစ္စကို ကိုယ်တိုင်ဝင်ပါစရာမလိုအပ်ပေမယ့်.. သားသမီးအသက်တောင်မငဲ့ပဲ ကူညီတဲ့ဝန်ထမ်းမျက်နှာကို ပြန်ကြည့်ရမည်သာ..
အဝေးလမ်းမမှဖဲ့ထွက်ကာ ကားကိုဆက်မောင်းလာခဲ့တော့ နာရီဝက်အကြာတွင် အတော်အတန်ကြီးမားသော တိုက်အိုပျက်တလုံးအားတွေ့ရလေသည်.. ပထမဆုံးအကြိမ်တယောက်ထဲလာမိသည်ကိုနောင်တရမိ၏... တခုခုဆို အကူအညီတောင်းခံဖို့ရာ ဝေးလွန်းသည့်နေရာ...
ESTÁS LEYENDO
❤️❤️ FRIEND ZONE 🖤🖤
Romance"Saint Suppapong Udokaewkanjana" တဦးတည်းသောသားလေးဖြစ်ပြီး Por နဲ့ Mae တို့ရဲ့ချောမောလှပတာတွေအားလုံးကိုပိုင်ဆိုင်ထားတဲ့ကောင်လေး... မြင်သူတကာက ချောလိုက်တာလို့ နှစ်ခါပြန်ကြည့်ရတဲ့ Saint ဟာ Srinakharinwirot University ( SWU) တကျောင်းလုံးရဲ့ Moon လည်ြး...