မျှော်လင့်ချက်

251 29 13
                                    


Unicode~~

အိမ်မက်ဆိုးကြောင့် ရုတ်တရက်လန့်နိုးလာကာ ရင်တွေအတိုင်းမဆ ခုန်နေခဲ့သည်.. အိမ်မက်ထဲမှာ Daily ရဲ့ သွေးမျက်ရည်ကျနေတဲ့ပုံပေါ်လာကာ... သားနဲ့ သမီးကို လုယူသွားတယ်လို့ မြင်မက်ခဲ့လေသည်...

ကိုယ့်အခန်းနဲ့ကပ်ရပ် သားနဲ့သမီးအခန်းဆီအပြေးအလွှားသွားကာ ဝင်ကြည့်မိတော့  ကလေးတွေက အပူအပင်ကင်းစွာ အိပ်မောကျလို့... ညအိပ်မီးအိမ်အလင်းရောင်အောက်မှာ အပြစ်ကင်းစွာ အိပ်ပျော်နေတဲ့ သူ့အသက်သွေးကြောလေးတွေကိုကြည့်ရင်း မျက်ရည်တွေကျနေမိခဲ့သည်... Saint ..ငယ်တို့ သားအဖတွေကို မင်းစောင့်လျှောက်ပေးပါ...သားနဲ့သမီးကို ငယ့်ရင်ခွင်ထဲကနေ ဆွဲထုတ်သွားဖို့ မင်းခွင့်မပြုပါနဲ့နော်...

ကလေးတွေကုတင်ထက် ခွေခွေလေးလဲနေရင်း သားနဲ့သမီးမျက်နှာကိုပဲ တစိမ့်စိမ့်ကြည့်နေမိခဲ့သည်... မင်းတို့လေးတွေနဲ့ ပတ်သတ်လာရင် ပါပါးအသက်ကိုတောင်လဲယူမှာပါ... ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပေးကြလို့ ကျေးဇူးတင်ပါတယ် ကလေးတို့ရယ်...

​မျက်ဝန်းထောင့်မှ လိမ့်ဆင်းသွားသော မျက်ရည်တို့ဟာ Saint ကိုဆုံးရှုံးလိုက်ရသည့်နေ့ကစလို့ သူ့အတွက် အဖော်ဖြစ်လာခဲ့သည်... လက်ဖဝါးသေးသေးလေးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း အိပ်စက်ခြင်းဆီသို့ဦးတည်လိုက်၏..သူ့မနက်ဖြန်တွေမှာ သားနဲ့သမီး ရှိဖို့သာလိုသည်...

_____

"မတွားဝူးဆို မတွားဝူးပဲ..ဖွားဖွားက ဘာရို့ ခရေးကိုအနိုင်ကျင့်ရေရာရဲ..အဲ့ရာ မကောင်းဝူးနော်..."

မနက်မိုးလင်းအထိ ကလေးတွေအခန်းမှာပဲအိပ်ဖြစ်ကာ ကလေးတွေနိုးတော့ သူလည်းရေမိုးချိုးကာ ကုမ္မဏီသွားဖို့ပြင်ဆင်သလို ..Chin ကလည်း သားနဲ့သမီးကို မူကြိုသွားဖို့ပြင်ဆင်ပေးနေသည်..

ဟုတ်ပါတယ် သူ Chin ကို ခေါ်ထားဆဲပါပဲ..သူမက ကလေးတွေကိုမွေးပေးပြီးပြန်သွားရမှာဖြစ်ပေမယ့် သူမသာ ကလေးတွေကိုစောင့်ရှောက်ဖို့ အကောင်းဆုံးလူလို့ သူသတ်မှတ်ခဲ့သည်..

သူလှေကားထိပ်မှာကတည်းက သား Pin ရဲ့ ဂျီကျနေသံကိုကြားနေရ၏..

❤️❤️ FRIEND ZONE 🖤🖤Donde viven las historias. Descúbrelo ahora