စကားပြောသော နှလုံးသားများ

138 13 12
                                    

Unicode ~~

ကျွန်တော်ကျောင်းလိုက်ပို့မယ်ဆိုတော့ သားကိုကျောပိုးအိတ်လွယ်ပေးနေသော Honey ရော ဦးလေး Joe ပါ အထူးအဆန်းသဖွယ်လှည့်ကြည့်ကြ၏... ဦးလေး Joe က ဘာမှမပြောပေမယ့် Honey ကတော့...

"တခါမှလည်းလိုက်ပို့ဖူးတာမဟုတ်ပဲ အခုမှ Phi က ဘာဖြစ်တာလဲ..ထူးထူးဆန်းဆန်း..."

လက်မနဲ့မျက်ခုံးကိုအကြောင်းမဲ့ ကုတ်ခြစ်လိုက်ပြီးမှ...

" ဒီလိုပါပဲ..လိုက်ပို့ချင်လို့..Honey မသွားစေချင်ရင်မသွားပါဘူး.."

"ကဲပါ..Honey ရယ်..သူ့သားကို အဖေလုပ်သူကကျောင်းလိုက်ပို့တာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ..သား Son ..ရော့ ကားသော့.. သွားကြချေတော့..နောက်ကျနေမယ်..."

ဦးလေး Joe ကြောင့် ကျွန်တော်ကျောင်းလိုက်ပို့ခွင့်ရခဲ့သည်...Honey ရဲ့ စူးရဲတဲ့မျက်လုံးတွေကိုရင်မဆိုင်ရဲစွာ ခပ်လွှဲလွှဲမျက်နှာချရင်း သားကိုကျောင်းပို့ဖို့ အိမ်မှထွက်ခဲ့သည်...သားကတော့ပျော်နေသည်မှာ ခုန်ပေါက်လို့...ဘာလို့ ဒီလိုလုပ်မိလဲ ကိုယ်ကိုတိုင်သာသိသည်.. Pin နဲ့ Pan ဆိုသော အမွှာလေးတွေကို တွေ့ချင်နေမိသည်မှာ ဘယ်လိုအကြောင်းပြချက်မှန်းမသိပေ...

သား ကျောင်းထဲဝင်သွားပေမယ့် သူမပြန်ဖြစ်သေးချေ..ကျောင်းတက်ဖို့ နာရီဝက်မျှလိုသေးသည်..တွေ့ချင်သူတွေကို တွေ့လိုတွေ့ငြား စောင့်နေချင်မိ၏.. ၁၀ မိနစ်လောက်အချိန်ကုန်သွားတော့ ပြောင်လက်နေသော BMW ကားအနက်တစီးဆိုက်ရောက်ပြီးနောက် ထိုမောင်နှစ်မ ကားပေါ်မှဆင်းလာသည်...

"တိုတို ..Pan မုန့်ခြင်းတိုင်ချင်ဝူး.."

"တိုတို တိုင်ပေးမယ်ရေ.."

အကိုကြီးပီသစွာ မုန့်ခြင်း ၂ ခြင်းကိုသယ်လာသော ကလေးပေါက်စ..မူကြိုကနေ အထက်တန်းထိရှိသောဒီကျောင်းဟာ ဘန်ကောက်မှာတော့ အလွန်နာမည်ကြီးပါသည်...ကလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်ဖို့နဲ့ အချင်းချင်းကူညီရိုင်းပင်းတတ်ဖို့ သင်ပေးသည်..

အနောက်ကလိုက်လာသော ဖြူဖြူလုံးလုံးနဲ့ ထိုကလေးမက သူ့ကိုအရင်လှမ်းမြင်သည်..

❤️❤️ FRIEND ZONE 🖤🖤Tempat cerita menjadi hidup. Temukan sekarang