Zawgyi~~ထွက်သွားတုန်းက ဘိုသီဘတ်သီဖိနပ်မပါ ညစ်တီးညစ်စုတ်နဲ့ ပြေးထွက်သွားလိုက်တာ Supermen အလား.. ပြန်လည်ရောက်လာရော လူပေါ်ကုတ်ဖက်လိုက်လာတာ Spider manလိုလူသား သခင်လေးကိုကြည့်၍ ခွီး ကနဲအသံထွက်အောင် ရီမိသည်က အိမ်တော်ထိန်းကြီး Chen....
ထိုအသံကိုကြားတာနဲ့ ကားယားခွဖက်တက်နေသော ကျားပေါက်လေးရဲ့မျက်စောင်းက ဒိုင်းကနဲ.... ချက်ခြင်းမျက်နှာချိုသွေးရင်း...
Chen :: " သူဌေးလေးတို့ပြန်လာပြီလား... အိမ်မှာ စားစရာကဘာမှမရှိတော့ဘူး.. ကျွန်တော်ပြေးဝယ်လိုက်ဦးမယ်နော်..."
ပြောသာပြောရ လင်လင်နှစ်ယောက်က အဖတ်ပင်မလုပ်.. အိမ်အပေါ်ထပ်ကို တန်းတက်သွားသည်... သူဌေး Saint ဆိုသည်မှာလည်း.. တခါတလေ ကိုယ်ဈေးကပြန်လာလို့ အိတ်မနိုင်လို့ ဆွဲခိုင်းရင် လေးတယ် လက်နာတယ်နဲ့ ဂဂျီဂဂျောင်ကျသလောက် သူ့ယောင်္ကျားကိုချီပိုးသွားလိုက်တာများ.. Ironmen အတိုင်း အားတွေရှိနေလိုက်တာမှ...
တည့်ကြပါ သူတို့တည့်မှ Chen လေးဘဝငြိမ်းချမ်းမည်....အိမ်တံခါးနဲ့ ခြံတံခါးကိုသေချာစစ်ဆေးပြီး လေကလေးတချွန်ချွန်နှင့် Chen တယောက် သာယာနေပြီ.. ဘာလို့ဆို ဒီညပြန်မလာရင်တောင် အကဲပိုလင်လင်နှစ်ယောက်သိမည်မဟုတ်... ဒီနေ့ လွတ်လပ်ရေးနေ့....
........
"ကဲ... ငယ်.. အခန်းထဲရောက်ပြီ... ဆင်းတော့လေ ဘယ်သူမှမရှိတော့ပါဘူး.. ရှက်မနေနဲ့တော့...."
ထိုအခါကျမှ မျက်လုံးလေး ကလယ် ကလယ်နဲ့ အောက်ဆင်းတော့သည်...
"ကျေးဇူးပဲ... ရေသွားချိုးတော့မယ်...."
ရေချိုးခန်းကိုပြေးလိုက်တာမှလှစ်ကနဲ... ဂျယ်လီတုန်းလေးနှစ်တုန်းကတော့ တုန်တုန် .. တုန်တုန်နဲ့ ပြေးကိုက်(အဲလေ) ပြေးရိုက်ချင်စရာလေး....
ရေချိုးခန်းထဲကရေကျသံကြားချိန်မှာ... ငယ့်ခန္ဓာကိုယ်ပေါ်ကျရောက်နေမည်ဖြစ်သော ရေစက်တို့ကို မနာလိုဖြစ်မိသည်... ကိုယ်ထိတွေခွင့်မရသေးသော ခန္ဓာကိုယ်အား သူတို့ကိုပေးထိရတာတောင် မနာလိုဖြစ်မိသည်က ကိုယ်ရူးသွားတာမျိုးလား...
YOU ARE READING
❤️❤️ FRIEND ZONE 🖤🖤
Romance"Saint Suppapong Udokaewkanjana" တဦးတည်းသောသားလေးဖြစ်ပြီး Por နဲ့ Mae တို့ရဲ့ချောမောလှပတာတွေအားလုံးကိုပိုင်ဆိုင်ထားတဲ့ကောင်လေး... မြင်သူတကာက ချောလိုက်တာလို့ နှစ်ခါပြန်ကြည့်ရတဲ့ Saint ဟာ Srinakharinwirot University ( SWU) တကျောင်းလုံးရဲ့ Moon လည်ြး...