Villain Part - 25

1.3K 130 34
                                    

[Zawgyi Version]

တစ်​ညလုံးမအိပ်​ထားရသည့်​မျက်​လုံးတွေကကျင်​စပ်
နေကာရဟတ်​စီးနေရသည့်​အတိုင်းခေါင်းဂျာဂျာလည်
နေတော့သည်

ခေါင်းကိုဖိကိုင်​ကာပြတင်းပေါက်​နားသို့တင်​ပါးရွေ့၍
ကတ်​ထူပြားအောက်​ကမှန်​ပဲ့ကိုကောက်​ကိုင်​ကြည့်
လိုက်​သည်

ကျွန်​တော့်​မျက်​နှာကစိတ်​ပျက်​စရာကောင်းလောက်
အောင်​ဒဏ်​ရာများဖြင့်​ကြည့်​ရဆိုးနေလေသည်

ဒီနေ့ကနောက်​ဆုံးနေ့ပဲ
မျက်​နှာပေါ်ကအနာတွေကိုJeonမြင်​လို့မဖြစ်​ဘူး
ဟုတ်​တယ်​.....လုံးဝ...သိလို့မဖြစ်​ဘူး

ကျွန်​တော်​Taeလေးကိုအလှပြင်​တမ်းဆော့တဲ့အခါ
သုံးလို့ရအောင်​ဝယ်​ပေးထားသောMakeupဗူးလေး
စီလက်​လှမ်းလိုက်​သည်

တစ်​ခါမှမသုံးဖူးပေမဲ့အရေးကြုံနေသည်​မို့တို့ဖတ်​ကို
ယူပီးMakeupများများဖိကာပါးပြင်​ထက်​ခြယ်​သ
လိုက်​သည်

မညီမညာလိမ်းထားတဲ့Makeupကအနာတွေကို
သိသိသာသာကွယ်​ပျောက်​သွားစေခဲ့သည်

ဟူး.....ဒီလောက်​ဆိုအဆင်​ပြေလောက်​ရောပေါ့

ကျွန်​တော့်​အိတ်​ထဲတွင်​လိုတဲ့အရာတွေကောက်​ထည့်
လိုက်​ပီးအိမ်​ကနေထွက်​လာခဲ့လိုက်​သည်


ဒီနေ့ကျွန်​တော်​အရင်​နေ့တွေထက်​စောရောက်​နေသည်

ကျွန်​တော့်​ဘက်​ကအမြဲနောက်​ကျတတ်​သော်​လည်း
Jeonကတော့အချိန်​မှန်​ရောက်​လာတတ်​သည်

လေပြေအေးအေးလေးကရာသီကူးပြောင်းချိန်​မို့လား
မသိအဆမတန်​တိုးဝှေ့တိုက်​ခတ်​လာသည်

လေပြေတစ်​ခါတိုက်​တိုင်းမက်​မွန်​ပွင့်​ဖတ်​တို့ကြွေကာ
မြေပြင်​ထက်​ကြွေကျနေပုံကလဲအလွန်​တရာမှလှပနေ
တော့သည်

နောက်​ထပ်​နှစ်​တွေထိမက်​မွန်​ပွင့်​ဖတ်​တို့ကြွေချိန်
ကျွန်​တော်​ဒီနေရာမှာရှိနေနိုင်​ပါဦးမလား

သေချာတာကတော့..........

မက်​မွန်​အပင်​ကြီးအောက်​မှာကျွန်​တော်​နဲ့Jeonအတူ
ရှိနေနိုင်​မှာမဟုတ်​တော့ဘူ






VILLAIN [COMPLETED]Where stories live. Discover now