Villain Part - 42

1.1K 119 22
                                    

[Zawgyi Version]

သခင်​ကြီး....သခင်​ကြီး!!

မင်းဘာဖြစ်​လာတာလဲ!!!

"ဟို...အရေးကြီး....သတင်း"

နောက်​မှပြော!!
ထမင်းစားနေတုန်း...စကားမပြောရဘူးဆိုတာ
မင်းမေ့သွားပီလား!!!

"ကျွန်​တော်​"

"အဖေဦးလေးကြီးကိုစကားပြောခွင့်​ပေးလိုက်​ပါလား"
"အရမ်းအရေးကြီးတဲ့သတင်းပြောမလို့နေမှာ"

ဟင်း...သားငယ်​လေးပြောလို့နော်​!
ကဲ...ပြောစမ်းပါဦး.....ဘာသတင်းလဲ!!

"CEO Parkနဲ့Minမနေ့ညကBarမှာမီးလောင်
တဲ့အထဲပါသွားပါတယ်​..သခင်​ကြီး"

ဘာ...Barမှာမီးလောင်​တယ်​!!!
သေတာ..သူတို့..နှစ်​ယောက်​ထဲလား!!

"ဟုတ်​ကဲ့...ကျန်​တဲ့သူတွေမပါဘူး"

ဟုတ်​လား...ထူးဆန်းလိုက်​တာ!

"ဘာလို့လဲအဖေ"
"သူတို့ကိုအဖေသိလို့လား"

"မသိ...သိ..ပါ..ဘူး"
"အိမ်​တော်​ထိန်း..လာပြောမှ..အဖေသိတာ"
"ဟု....ဟုတ်​တယ်​မလား..အိမ်​တော်​ထိန်း"

"ဟို...ဟုတ်​...ပါတယ်​..သခင်​ကြီး"

"အဲ့တာဆိုလဲ..အဖေ..ထမင်းဆက်​စားကြရအောင်​လေ
မကောင်းသတင်းဆိုတာမနက်​ခင်းမပြောကောင်းဘူးတဲ့
အခုကပြောပီးပီဆိုတော့လဲဘယ်​တတ်​နိုင်​ပမလဲ"

"အင်း...သားငယ်​..ထမင်းဆက်​..စားကြတာပေါ့"

မင်းနောက်​တစ်​ခါဆိုမနက်​ပိုင်းလာမပြောနဲ့ကြားလား!!

"ကျွန်​တော်​မှတ်​သားထားပါမယ်​..သခင်​ကြီး"

သေတယ်​ဆိုတဲ့သတင်းဦးလေးကြီးပြောလိုက်​တော့
အဖေကအနည်းငယ်​အံ့သြေနေပီးတစ်​ခုခုကိုတွေးနေ
သည့်​ပုံပေါ်သည်

ကျွန်​တော်​မေးလိုက်​တော့အဖေ့မျက်​နှာကသိသာစွာ
ပျက်​ယွင်းသွားသည်

အဖေနဲ့ဦးလေးကြီး..ပေါင်းလိမ်​တာကိုကျွန်​တော်​ရိပ်​မိ..
သော်​လည်း..ဘာတစ်​ခုမှ..မသိသည့်​ပုံ..ဟန်​ဆောင်​..
နေလိုက်​သည်


VILLAIN [COMPLETED]Where stories live. Discover now