Villain Part - 30

1.5K 140 29
                                    

[Zawgyi Version]

ကျွန်​တော်​Taeလေးကိုပွေ့ချီလိုက်​ပီးထတော့မဲ့အချိန်
ပိုက်​ဆံတွေအချို့ပုံးဘေးနားကနေထွက်​ကျလာသည်

တောက်​....မိုက်​ရိုင်းလိုက်​ကြတာ!!!

လူ့အသက်​..တန်​ဖိုးအတွက်​..အဖိုးအခက..ဒီအရာတွေ
တဲ့လား..ဘယ်​လောက်​တောင်​နာကျင်​ဖို့ကောင်းလဲ!

အခုအချိန်​မှာငါရွေးချယ်​ရတော့မယ်
ဒီအိမ်​ပတ်​ဝန်းကျင်​မှာငါဆက်​နေလို့မဖြစ်​တော့ဘူ
နောက်​တစ်​ခါဆိုရင်​ငါ့ညီလေးကိုဆုံးရှုံးရလိမ့်​မယ်
အခုလိုအခြေအနေနဲ့ငါသူတို့ကိုမတွန်းလှန်​နိုင်​ဘူး

ငါ..သူတို့ပြောသလို..ဒီပိုက်​ဆံတွေယူပီး..အပီးတိုင်​..
ထွက်​သွားလိုက်​တာ..ပိုကောင်းမယ်​ထင်​တယ်

ကျွန်​တော်​Taeလေးကိုပွေ့ချီလျက်​ပင်​အိမ်​ထဲပြန်​ဝင်
သွားပီးစောင်​ကြမ်းပေါ်မှာTaeလေးကိုခနချပီးအပြင်
ဘက်​မှာကျနေတဲ့ပိုက်​ဆံတွေကိုကုန်းကောက်​ကာအိတ်
ထဲစုထည့်​ထားလိုက်​သည်

အရေအတွက်​ဘယ်လောက်​ရှိမှန်းမသိသေးပေမဲ့
ဒီပိုက်​ဆံတွေက..ကျွန်​တော်​တို့နှစ်​ဦးအတွက်​..နေနိုင်​..
စားနိုင်​...လောက်​မှာပါ...အိမ်​ထဲ...ပြန်​ဝင်​လာပီး...
ကျွန်​တော့်​ပစ္စည်းTaeလေးပစ္စည်းတွေအကုန်​ထုပ်​ပိုး
လိုက်​သည်

အကုန်​သိမ်းဆည်းပီးသည့်​တိုင်​အထုပ်​တစ်​ထုပ်​အပြင်
ပိုရှိမနေခဲ့ဘူး

နောက်​ဆုံးကျွန်​တော်​မြတ်​နိုးခဲ့ရတဲ့ပုံတူပန်​ချီကားချပ်​တို့
အပါအဝင်​ပေါ့
ထိုအရာတွေနဲ့Taeလေးကိုပွေ့ချီပီးအိမ်​အပြင်​ဘက်​သို့
ထွက်​လာခဲ့သည်

နောက်​ဆုံးအနေနဲ့အိမ်​ကိုတစ်​ချက်​ပြန်​လှည့်​ကြည့်​လိုက်
သည်

တစ်​ချိန်​ကပျော်​ဖို့ကောင်းခဲ့တဲ့အိမ်​လေးကအခုတော့
အရာအားလုံးတိတ်​ဆိတ်​လို့သွားပီပေါ့
ကျွန်​တော်​နောက်​ဆုံးအကြိမ်​လေးကိုတောင်​သူ့စီမသွား
နိုင်​ခဲ့ဘူး
ဒါပေမဲ့..ဒီအချိန်​...ဒီနေရာလေးမှာ...ကျွန်​တော့်​...
ပါးပြင်​ထက်​ကျဆင်းနေသောမျက်​ရည်​များကချစ်​ရသူ
အတွက်​သာနှလုံးသွင်း၍အပိုင်​ပေးလို့ထားသည်

VILLAIN [COMPLETED]Where stories live. Discover now