[Zawgyi Version]
ထိုအချိန်တံခါးက..ဂျလောက်..ဆိုပီးအသံကြား
လိုက်ရသည်ကျွန်တော်စိတ်ကိုငြိမ်အောင်ထားပီးဗီဒိုအကွယ်ကနေ
ခေါင်းအုံးကိုင်ပီပုန်းနေလိုက်သည်မီးမထွန်းမိလို့အခန်းကအရမ်းမှောင်မဲနေပီးလူလာသည့်
အရိပ်ကိုလဲမမြင်ရပေသို့သော်အခန်းထဲသို့ဦးတည်လာနေသောခြေသံများက
ကျယ်လောင်လွန်းလှသည်တဖြေးဖြေးခြေသံများကကျွန်တော်ရှိရာစီဦးတည်လို့လာ
နေသည်ရုတ်တရက်ဆိုသလိုထိုသူကမီးခလုတ်ကိုဖွင့်လိုက်သည်
ဖျက်!
သူလဲကျွန်တော့်တွေ့သွားသလိုကျွန်တော့်လဲသူ့ကိုမြင်
နေရသည်တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံဝတ်ထားပီးမျက်နှာဖုံး
ပါတပ်ထားသည်..ဟုတ်ပီ..သူ့မျက်နှာကိုခေါင်းအုံးနဲ့..
့ပေါက်ပီးထွက်ပြေးရမယ်ချက်ချင်းပဲကျွန်တော့်လက်ထဲကခေါင်းအုံးနဲ့ထိုသူ့
မျက်နှာကိုကောက်ပေါက်လိုက်သည်စိတ်ထဲတွေးထားသည့်အတိုင်း..ပြေးဖို့ကြိုးစားပေမဲ့..
လက်တွေ့မှာတော့..မအောင်မြင်ခဲ့ဘူး
ထိုသူကကျွန်တော့်ကိုယ်ကိုလဲသွားအောင်တွန်းချလိုက်
ပီးလက်နှစ်ဖက်ကိုနောက်ပစ်ကာကြိုးနှင့်ပူးတွဲချည်နှောင်
လိုက်သည်ရှိသမျှအား..အကုန်သုံးကာ..ကြိုးပျက်အောင်ဆွဲရုံး
သော်လည်း..အရာမထင်မလွတ်မြောက်နိုင်ခဲ့ပေ"ကျွန်တော့်ကိုလွှတ်ပေးပါဗျာ"
"တောင်းပန်ပါတယ်..လွှတ်ပေးပါ"Sorryပဲကောင်လေးငါလွှတ်မပေးနိုင်ဘူး!
ဘာစကားမှမပြောပဲငြိမ်သာနေလိုက်!
မင်းကိုထိခိုက်အောင်မလုပ်ဘူး!ထိုသူကကျွန်တော့်မျက်နှာကိုဖုန်းနဲ့ရိုက်ယူပီးတစ်ဖက်သို့
ဖုန်းဆက်နေသည်"ပုံကိုအခုပဲပို့လိုက်ပါပီ"
"ကျွန်တော်ဘာဆက်လုပ်ရဦးမှာလဲ"