ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 628 (နှင်းမိစ္ဆာ)“ဘာဖြစ်လို့လဲ…”
နင်လည်း မေးမြန်းကြည့်လိုက်ပါတယ်။အင်မော်တယ်တွေ မိစ္ဆာတွေဟာ အထီးကျန်ခြင်းကို ခံနိုင်ရည် ရှိကြတယ်လေ။ အကျဥ်းထောင် ကမ္ဘာ ၁၇ က အကျဉ်းသားတွေ ဆိုရင်လည်း… ပျက်စီးခြင်း စက်ဝိုင်းများစွာ အကျဉ်းကျခဲ့ကြပေမဲ့.. အနည်းစုလောက်သာ စိတ်ဓာတ်ပျက်ပြားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြတယ်လေ။ အင်ပါရီယာ နတ်ဘုရားကြီး တောင်ရိုင်းဆိုရင် ဒီမှာ ပိတ်မိနေခဲ့တာ အချိန်တိုလေးပဲ ရှိခဲ့သေးတယ်လေ။
“ငါမင်းကို နှင်းမိစ္ဆာနဲ့ အမှတ်မှားသွားခဲ့တယ်လို့ ငါမပြောခဲ့ဘူးလား…”
တောင်ရိုင်းပြောလိုက်ပါတယ်။“ဟုတ်တယ်…”
နင်ခေါင်းညိတ်လိုက်ပြီလေ။“လအောက်ရေကန်ဟာ တကယ့်ကို အန္တရာယ်တွေ ပြည့်နှက်နေတဲ့နယ်မြေတစ်ခုပဲ…. ယာကရှာပင်လယ်ပြင်ကို ကျော်ဖြတ်ပြီးတော့ ဒီနှင်းကျွန်းကို ငါရောက်လာခဲ့တယ်။ ငါရောက်လာခဲ့တော့.. တခြားအင်ပါရီယာ နတ်ဘုရားတွေ မရှိခဲ့ဘူးလေ။ ဒါနဲ့ ငါလည်း ခရီးဆက်ခဲ့တယ်။”
တောင်ရိုင်း စကားဆက်လိုက်ပါတယ်။
“ကျွန်းရဲ့ တခြားတဖက်မှာ…. မျောနေတဲ့ သစ်သားတံတားလေး နောက်တစ်ခု ရှိနေသေးတယ်။ ဒါကို ဖြတ်ကျော်လိုက်ရင် နှင်းမိစ္ဆာကို ညီလေး ရင်ဆိုင်ရမှာ…”“ငါလည်း နှင်းမိစ္ဆာကို အနိုင်မယူနိုင်ခဲ့ဘူး…. ဒါပေမဲ့ ငါ့ရဲ့ ကိုယ်ဖော့သိုင်းကို အားကိုးပြီးတော့ နှင်းကျွန်းကို ပြန်ပြေးလာနိုင်ခဲ့တယ်။”
တောင်ရိုင်းလည်း စကားဆက်လိုက်ပါတယ်။
“နှင်းမိစ္ဆာက ငါ့နောက် ဆက်ပြီးလိုက်လာခဲ့တာလေ။ ဒါပေမဲ့ ကျွန်းပေါ်ကို ရောက်တော့ သူလိုက်လံတိုက်ခိုက်တာ ရပ်တန့်သွားခဲ့တယ်။”“ငါသူ့ကို အမြဲတမ်းပဲ အနိုင်မယူနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း ကျွန်းပေါ်မှာ ငါဆက်နေခဲ့တာ…”
“ဒီမှာနေရင် ငါလုံခြုံပြီလို့ ထင်မိခဲ့တယ်လေ။ ဒါပေမဲ့ ဒီမှာ နှစ်ပေါင်းတစ်ထောင်လောက် နေထိုင်ပြီးတဲ့အခါမှာတော့.. နှင်းမိစ္ဆာက ကျွန်းပေါ်ကို လာပြီးတိုက်ခိုက်ခဲ့တယ်။”
တောင်ရိုင်းလည်း စိတ်ပျက်စွာ သက်ပြင်းချပြီး ပြောပြလိုက်ပါတယ်။
“အဲဒီအချိန်ကစပြီးတော့ နှစ်ပေါင်းတစ်ထောင် ကြာတိုင်းမှာ နှင်းမိစ္ဆာရဲ့ ကိုယ်ပွားဟာ ကျွန်းပေါ်ကို ရောက်လာခဲ့ပြီး ငါ့ကို တိုက်ခိုက်ခဲ့တယ်။ အချိန်တိုင်းမှာပဲ သူက တဖြည်းဖြည်း အင်အားတိုးလာခဲ့တယ်လေ။ နှစ်တစ်သန်းလောက် အကြာမှာတော့ သူ့ကိုယ်ပွားက မူလခန္ဓာကိုယ်အဆင့်လောက်အထိကို အစွမ်းထက်လာခဲ့ပြီ…”
BẠN ĐANG ĐỌC
ဂျိနင် Book 31 -
Tiểu thuyết Lịch sửIt's a work of Dr Panda. I published it just for me.