ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 649 (ပဉ္စမမြောက်ကျွန်း)အရင်တုန်းကတော့ နင်လည်း မိုးကောင်းကင်တာအိုဟာ လောကသုံးပါးကို အုပ်ချုပ်နေတယ်လို့ ယုံကြည်ခဲ့ပါတယ်။ မိုးကောင်းကင်တာအိုကပဲ အရာအားလုံးကို စီးဆင်းစေခဲ့တာပေါ့… မိုးကောင်းကင်တာအိုကို ကျော်လွန်သွားပြီဆိုတော့ လောကသုံးပါးရဲ့ လည်ပတ်မှုကို စီးဆင်းနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လို့ ထင်ခဲ့ပါတယ်။
အခုတော့.. ရတနာငါးပါး ဓားသိုင်းကို အောင်မြင်သွားပြီး တကယ်ကျော်လွန်သွားတဲ့အခါမှာတော့.. မိုးကောင်းကင်တာအိုကို ကျော်လွန်သွားခြင်းဟာ ဘာအဓိပ္ပာယ်လဲ ဆိုတာကို နင်နားလည်သွားခဲ့ပါပြီ။
မိုးကောင်းကင်တာအို…
သူတို့တွေက လောကသုံးပါးရဲ့ မိုးကောင်းကင်တာအိုသာ မဟုတ်သေးပါဘူး။ မိုးကောင်းကင်တာအိုဟာ နေရာတိုင်မှာ ရှိနေခဲ့ပါတယ်။
ပန်ဂုပျက်စီးခြင်း ကမ္ဘာနဲ့ အက်ကြောင်းမဲ့ပျက်စီးခြင်း ကမ္ဘာ အားလုံးမှာလည်း သက်ဆိုင်ရာ မိုးကောင်းကင်တာအိုတွေ ရှိကြတယ်လေ။ ပျက်စီးခြင်း ကမ္ဘာတွေရဲ့ မိုးကောင်းကင်တာအိုတွေဟာ တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ အဆုံးအစမဲ့ ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာထဲမှာဆိုရင် ကမ္ဘာဦးပျက်စီးခြင်း မိုးကောင်းကင်တာအိုဆိုတာ အနှိုင်းမဲ့တည်ရှိခြင်းတစ်ခုပါ။ ဒီမိုးကောင်းကင်တာအိုဟာဆိုရင် လအောက်ရေကန်၊ အကျဉ်းထောင်ကမ္ဘာ ၁၇ နဲ့ စကြာ၀ဠာမှာပါ ရှိနေခဲ့တယ်လေ။
ဒီမမြင်တွေ့ရတဲ့ ဥပဒေ အလွှာတွေဟာ ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာနဲ့ အရာအားလုံးကို လွှမ်းခြုံလို့ ထားပါတယ်။
ဒီဥပဒေသတွေမှာ တားမြစ်ကန့်သတ်မှုတွေ ရှိနေခဲ့တယ်လေ။ အနီးဆုံး ဥပမာတစ်ခုကတော့ အလင်းရဲ့အမြန်ထက် ပိုပြီး မြန်ဆန်သွားတာပေါ့… အချိန်ဟာ အရှေ့ကိုပဲ စီးဆင်းပြီး အနောက်ကို ပြန်မစီးဆင်းနိုင်ဘူးလေ။ အချိန်နောက်ပြန်ရွှေ့ခြင်း မန္တန်ဟာ အတိတ်ကို ပြန်လည်လှည့်ကြည့်တဲ့ မန္တန်တစ်ခုထက် မပိုပါဘူး။ ပြီးတော့ မိုးကြိုး ၊ မီးလျှံ ၊ လေ ၊ ရေ နဲ့ အရာပေါင်းများစွာလည်း ကန့်သတ်ထားမှုတွေ ရှိနေသေးတယ်လေ။