Chp 646 ( ပူဆွေးညည်းညူနေသောဓား)

44 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 646 (ပူဆွေးညည်းညူနေသောဓား)

ရွှေရောင်၀တ်စုံနဲ့ လူငယ်လေးဟာ ဂျိနင်အရှေ့မှာ ရပ်နေလို့ပါ.. သူ့ရဲ့ မျက်လုံးတွေမှာ ကြင်နာမှုတွေ ပြည့်နေပါတယ်။ နင်ကို နွေးထွေးစွာ သူကြည့်လိုက်တယ်လေ။

“အဲ…”

ရှစ်ယောက်မြောက် အစောင့်အရှောက်ရဲ့ အကြည့်ကြောင့် အန္တရာယ်အငွေ့အသက်ကို နင်အာရုံခံမိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူဘာမှ မပြောခဲ့ပါဘူး။ သူ့နံဘေးမှာ ရှိနေတဲ့ ဓားကြီးကို သူလှမ်းကြည့်လိုက်တယ်လေ။ ဓားပေါ်မှာ ဓားသိုင်းပုံရိပ်တွေ စတင်ပြီး ပေါ်လို့ နေခဲ့ပါပြီ။ အစောင့်အရှောက်တွေ တစ်ဦးပြီး တစ်ဦးကို သူကျော်ဖြတ်လာခဲ့တာနဲ့အမျှ သူရင်ဆိုင်ရတဲ့ အစောင့်အရှောက်တွေရဲ့ ဓားသိုင်းတွေဟာလည်း ပိုပိုပြီးတော့  အစွမ်းထက်လာခဲ့ပါပြီ။

ဒီဓားသိုင်းအားလုံးဟာ သူ့ကို မိုးကောင်းကင်တာအိုရဲ့ ကန့်သတ်ခြင်းကနေ ကျော်လွန်သွားစေဖို့ကို လမ်းညွှန်ပေးနေတယ်လို့ နင်ခံစားမိနေခဲ့တယ်လေ။ ဒီ အကန့်အသတ်ကို ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတာကို သူတို့က သင်ပေးနေကြတဲ့အလား.. လောကသုံးပါး တခွင်မှာ ဓားသိုင်းပေါင်း များစွာ ရှိခဲ့ပေမဲ့လည်း.. ရတနာငါးပါး ဓားသိုင်း တစ်ခုလွဲပြီးတော့ ဘယ်ဓားသိုင်းကမှ မိုးကောင်းကင်တာအိုရဲ့ ကန့်သတ်ခြင်းကနေ ကျော်လွန်သွားခဲ့ခြင်း မရှိသေးပါဘူး.. ဘယ်ဓားသိုင်းကမှလည်း ဒီလောက်အထိ သူ့ကို စိတ်၀င်မစားစေတော့ဘူးလေ။

“လအောက်ရေကန်ကို တည်ဆောက်ခဲ့တဲ့ မဟာပုဂ္ဂိုလ်ကြီးရဲ့ နောက်ခံ သမိုင်းကြောင်းက အံ့မခန်းပဲ နေလိမ့်မယ်။ သူချန်ရစ်ခဲ့တဲ့ ဓားသိုင်းက ငါ့အတွက် အရမ်းကို အကျိုးကျေးဇူး ကြီးမားခဲ့တယ်လေ။ ဒါပေမဲ့ တခြားအင်ပါရီယာ နတ်ဘုရားတွေ အတွက်လည်း အလားတူပဲ သူလုပ်ပေးခဲ့တယ်။ လှံရှည်တို့၊ တုတ်တို့၊ ချိတ်ကောက်တို့ .. လက်နက်ပေါင်းစုံအတွက်ကိုပါ သူက ပြင်ဆင်ထားပေးခဲ့တာ… ဘယ်လက်နက်ကိုပဲ အသုံးပြုသည်ဖြစ်စေ.. ဓားလမ်းဟာ သူနဲ့ တစ်ထပ်တည်းတူတဲ့ အစောင့်အရှောက်ကို ဖန်တီးပေးခဲ့တယ်လေ။”
နင်လည်း တကယ့်ကို ရင်သပ်ရှုမော ဖြစ်သွားခဲ့ပါတယ်။

ဂျိနင် Book 31 - Donde viven las historias. Descúbrelo ahora